အပိုင်းနှစ်ဆယ့်ခြောက်

1.4K 70 1
                                    

unicode

အရှိန်အဟုန်မှန်မှန်နှင့်စီးနင်းလာရာမှ ရုတ်တရပ်ထိုးရပ်လိုက်သည့်ကားကြောင့် towel စအားဖယ်ကာကြည့်လိုက်တော့ ရုန်းတို့၏ကားပတ်ပတ်လည်ကိုပိတ်ရပ်ထားသော ဆိုင်ကယ်များကအများအပြား။ အစီးရေဆယ်စီးလောက်ရှိမည်။ ဆိုင်ကယ်မောင်းနှင်လာကြသူ အကုန်လုံးကထွားထွားကြိုင်းကြိုင်းကြီးများသာ။ သံတုတ်ကိုယ်စီနှင့်မို့ ရုန်းတို့အားအန္တရာယ်ပြုရန်မှလွဲ၍ အခြားမရှိ။ ရုန်းတို့အိမ်ပြန်သည့်လမ်းက လူနည်းနည်းပျက်သည်မို့ မှောင်မိုက်နေသည့်ညအချိန်နှင့်ဆိုလျှင် လုပ်ကြံရသည်မှာလွယ်သည့်အထဲတွင်ပါ၏။

"အဟက်......ရှစ်လတာအတွင်း အားထုတ်နိုင်တာက ဒါအကုန်လား??"

လုံလောက်သည့်အချိန်ပေးထားသည်ကိုပင် ဒီလောက်လေးသာအားထုတ်နိုင်သော ဒေါ်ကေသီအားရုန်းစိတ်ပျက်မိသည်။ အမှန်ဆိုလျှင် ရုန်းဒီ့ထက်မျှော်လင့်ထားမိ၏။ နောက်ဆုံးတော့လည်း အဘိုးအလျှော့ပေးထား၍ သွေးနားထင်ရောက်နေရုံသက်သက်သာဖြစ်သည်။

"ဟေး.....အထဲကဘဲကြီးအပြင်ထွက်လာပါဦး။ ကိစ္စလေးရှင်းရအောင်"

ရုန်းရှိနေသည့် ကားအနောက်မှန်အား သံတုတ်နှင့်ထု၍ မထိလေးစားပုံနှင့်စကားလာပြောနေသောလူများအား ရုန်းကားထဲမှတစ်ဆင့်ကြည့်ရင်း ပိုင်ခန့်အားပြောလိုက်သည်။

"မင်းတစ်ယောက်ထဲအဆင်ပြေလား။"

အပေါ်ထပ်coatအားချွတ်၍ နက်ကတိုင်အားဖြေလျှော့ကာ အင်္ကျီလက်အားတံတောင်ဆစ်အထိခေါက်တင်နေသည့် ပိုင်ခန့်ကအဆင်ပြေတာထက်ပင်ပိုနေဦးမည်။ အဆင်ပြေပြေမပြေပြေ ရုန်းကတော့ထိုကဲ့သို့ ကမူးရှုးထိုးဖြေရှင်းတတ်သည့်လူများကြောင့်နှင့်အပင်ပန်းမခံချင်။ ထို့ကြောင့်ခန္ဓာကိုယ်အားနောက်ဘက်သို့ ခပ်ယို့ယို့မှီချလိုက်သည်။

"အထင်သေးလှချည်လား။ ဒီလောက်ကသွေးဆူရုံလောက်လေး....."

အဘိုးလက်သပ်မွေးထားသည့်ကျားတစ်ကောင်ကရုန်းဘေးနားရှိနေသည်ကိုပင် ဒီလိုအားစိုက်ထုတ်မှုသေးသေးလေးနှင့် ရုန်း၏အချိန်များကိုလာဖြုန်းတီးနေသော ဒေါ်ကေသီအား လက်ဆောင်တစ်ခုခုပို့ပေးမှဖြစ်မည်ဟုတွေးလိုက်သည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Waar verhalen tot leven komen. Ontdek het nu