အပိုင်းတစ်

8K 239 2
                                    

unicode

ကျုပ်နာမည်က မောင်ရိုး။ ငယ်ငယ်ကတော့နာမည်ကတစ်မျိုးဗျ။ ကြီးလာတော့ ဂျီးတော်ကြီးက ကျုပ်ကိုရိုးလို့တဲ့။ နာမည်ပြောင်းပေးလိုက်တာ မောင်ရိုးဖြစ်ကော။ ဂျီးတော်ကြီးမှမဟုတ်ပါဘူး...တစ်ရွာလုံးက ကျုပ်ကိုရိုးလို့ မောင်ရိုးလို့ ခေါ်ကြတာ။

ကျုပ်အထင်မှာတော့ ကျုပ်ကသိပ်မရိုးပါဘူးဗျ။ သူတို့ကျုပ်ကိုရိုးတယ်ထင်တဲ့ အကြောင်း ဂျီးတော်ပြောပြထားဖူးတာတော့ရှိတယ်။ ဒီလိုဗျ....

ကျုပ်ကအလုပ်ကိုဆို ရှိတာအကုန်လုပ်တာ။
ကျုပ်တို့ ဝက်လက်ကုန်းရွာက စိုက်ပျိုးရေးမွေးမြူရေးကိုလုပ်ကြတာ။ ဂျီးတော်ကြီးကတော့ ဘာမှမပိုင်ပါဘူး။ ကျုပ်လုပ်ကျွေးရတာပေါ့။ ဒါကတော့ ကြွားတာပါ။ အမေကိုလုပ်ကျွေးတဲ့သားက လိမ္မာတယ်ပြောကြလို့။ ကျုပ်လိမ္မာတယ် ဟုတ်စ။

ထားပါ....စကားဆက်ရရင် ကျုပ်ကသူများမလုပ်တာလုပ်လို့ ငွေပိုရတယ်ဗျ။ ဂျီးတော်ပြောဖူးတာ ကျုပ်တို့ကရွာဆိုပင်မဲ့ ကြီးကြီးကျယ်ကျယ်တွေပဲ နေကြတာတဲ့။ ကျုပ်လုပ်သလို လုပ်ကြတဲ့လူကနည်းတော့ ကျုပ်ကပိုရတာပေါ့။ ပြောရရင်ဗျာ ရွာကမွေးမြူရေးလုပ်ငန်းထဲမှာ ထိပ်ဆုံးဖြစ်နေတဲ့ ရွာမျက်နှာဖုံး ဖွားပုရဲ့နွားခြံမှာ ကျုပ်ကနွားချေးကျုံးတယ်ဗျ။ နွားကောင်ရေက ရာနဲ့ချီရှိတာ။ ဝက်လက်ကုန်းရွာက ရွာသားတွေက အဲ့နွားချေးကျုံးတဲ့အလုပ်ဆို ဟင်ဟင်ကို ခါလို့။ ဆိုတော့ လုပ်မဲ့လူကျုပ်တစ်ယောက်ပဲရှိတဲ့ အဲ့အလုပ်ကို ဖွားပုက ငွေပိုပေးခိုင်းတယ်ဗျ။ ကျုပ်နွားချေးတခါကျုံးရင်ရတဲ့ဝင်ငွေကို မြင်ကြတော့ အရင်က ဟင်ဟင်ခါကြတဲ့ ရွာသားတွေအကုန် အဲ့အလုပ်ကိုလုပ်ချင်ကြရောဗျ။ လူဆိုတာ အတော်အပြောင်းအလဲမြန်ကြသကိုး။ ရတဲ့ငွေကလဲများတာကို။ ဖွားပုက တခါနွားချေးကျုံးရင် ကျုပ်ကို ငွေခုနှစ်သောင်းတောင်ပေးတာဗျ။ ပြီးတော့အဲ့နွားချေးအကုန်ကျုပ်ကိုပေးတာဗျ။ ရလာတဲ့နွားချေးတွေအကုန်လုံးကို ဂျီးတော်က ကျုပ်ကိုဂုန်နီအိတ်ထဲထည့်ခိုင်းတယ်။ ပြီးရင်အဲ့တာကို စိုက်ပျိုးရေးခြံတွေမှာ မြေသြဇာအဖြစ်ပြန်ရောင်းတာ။ တစ်အိတ်ကိုတစ်ထောင်နဲ့ပေါ့။ တစ်ခါနွားချေးကျုံးရင် အိတ် ၁၀၀ လောက်ထွက်တယ်ဗျ။ နွားချေးတစ်ခါကျုံးပြီးရင် တစ်သိန်းခုနှစ်သောင်းလောက်ရတယ်ဗျ။ နွားချေးကနှစ်ပတ်ကို တစ်ခါကျုံးရတယ်။
နွားချေးကျုံးရင်တစ်လဝင်ငွေက သုံးသိန်းကျော်လောက်လေ။ အလုပ်ကြမ်းဆိုတော့အဲ့လောက်ရတာမဆန်းပါဘူး။ ဂျီးတော်က ရောင်းပေးတာကြောင့်လဲပါတာကိုး။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Hikayelerin yaşadığı yer. Şimdi keşfedin