အပိုင်းနှစ်

3.6K 153 0
                                    

unicode

ဒီနေ့မြို့သူမလေးပြဿနာကြောင့် ဖိုးတုတ်၊ဖိုးသားတို့ညီအစ်ကိုနှင့်မိသွယ်ရော ကျွန်တော်ပါသူကြီးအိမ်တွင် ခေါ်စစ်ခံရသည်။

ဖိုးတုတ်တို့ညီအစ်ကိုနှင့် မိသွယ်အား သူကြီးမရှိသောနေ့က ကျုပ်တို့စုရပ် မန်ကျည်းပင်သို့ ခေါ်ကာစုထားသည်။ ဖွားပုပေးထားသော မြို့ကချောကလတ် သကြားလုံးလေးသုံးခုအား အိမ်ရှိပါကင်ထုပ်ထဲကနှိုက်ပြီး ကျုပ်တို့စုရပ်ဆီ ချီတတ်လျက် မြို့သူမလေး ချောင်းဆိုးသည့်ကိစ္စသည် ကျုပ်ပရောဂ မပါကြောင်းပြောခိုင်းဖို့ အကြံထုတ်ရသည်။

"ကိုကြီးရိုး ဘာကိစ္စခေါ်တာတုန်းဗျာ။ ခေါ်ထားပြီးနောက်ကလဲကျသေးတယ်။ သားတို့စာကျက်ရအုံးမယ်ဗျ။"

ဖိုးသားကမျက်နှာကြီးစူပုတ်ကာပွစိပွစိပြောလာသည်။

"ဖိုးသားကလဲကွာ နည်းနည်းလေးနောက်ကျတာကို။ မင်းတို့ကျက်လဲ ရတာမဟုတ်ပဲနဲ့။"

"ကိုကြီးရိုးနော်။ သားတို့ကို အဲ့လိုမပြောနဲ့ပြန်လိုက်မှာ"

ဖိုးတုတ်က ငိုသံအနည်းငယ်စွက်လို့ မျက်နှာကြီးမဲကာပြောပြီး ထပြန်ဖို့လုပ်သည့်အတွက်မနည်းဆွဲထားရသည်။ ဖိုးတုတ်တို့ညီအစ်ကိုက စာမေးပွဲနီးမှစာကျက်သည့်အတွက် စာမေးပွဲကျတာများသည်။ ယခုလဲ လပတ်စာမေးပွဲက နီးနေသောကြောင့်ဂေါ်လီမပစ်နိုင်ပဲ စာကျက်နေရလောက်သည်မှာ အမှန်။

အခုမှသတိရတာက  ဖိုးတုတ်တို့ ညီအစ်ကိုစာမေးပွဲကျလျှင် သူတို့ကို ကျုပ်ဆူတဲ့အတိုင်းဆူဖို့ပင်။ အဲ့အချိန်ဆို စာမေးပွဲကျတဲ့ ကာယကံရှင်နှစ်ယောက်ပါမက။ ကျောင်းဆက်မနေတော့သည့် မိသွယ်ကပါ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတဲ့အထိကြောက်ကြသည်။ ပုံမှန်အချိန်ကျုပ်စိတ်ဆိုးရင် 'ကိုကြီးရိုးက စိတ်ဆိုးတာတောင် ချစ်ဖို့ကောင်းတယ်' လို့ပြောတတ်ပင်မဲ့ အဲ့အချိန်စိတ်ဆိုးလျှင် အကုန်ငိုကာယိုကာ နောက်စာမေးပွဲမကျအောင်ကြိုစားဖို့ ကတိပေးသည်။ မိသွယ်ဆိုလျှင် 'ကိုကြီးရိုးရယ်  သမီးသူတို့ကိုစာပိုကျက် ခိုင်းပါ့မယ်' ဆိုပြီးပြောတတ်သည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now