အပိုင်း တစ်ဆယ့်ကိုး

1.4K 81 0
                                    

unicode

"အကိုရုန်းဗျ။"
"ပြောတော့ နဖူးပဲဆို။"

"အင်းးးဟင်။"

"အကိုရုန်း ကျုပ်မျက်နှာကိုနမ်းနေတာ ငါးမိနစ်လောက်ရှိတော့မယ်ဗျ။"

မောင်ရိုးနွားခြံကပြန်လာကာ အကိုရုန်းဆီခဏဝင်တော့ အကိုရုန်းကအပေါ်ထပ်သူ့အခန်းရှိရာသို့ ဆွဲခေါ်သွားသည်။ ကျုပ်လက်ထဲမှာရှိတဲ့ ဂျီးတော်အတွက်ရည်ရွယ်ကာနွားခြံထဲမှယူလာခဲ့သည့် နွားနို့လတ်လတ်ဆတ်ဆတ်ဘူးလေးအား ယူကာစားပွဲပေါ်သို့တင်ပြီး ရိုးလေးနဖူးကို နမ်းချင်လို့ပါ ဟုအကိုရုန်းကမျက်နှာငယ်လေးနှင့် ကျုပ်ကိုခွင့်တောင်းသည်။

နဖူးလေးပါပဲဆိုတာကြောင့် မောင်ရိုးခေါင်းငြိမ့်မိလိုက်သည်မှာ မှားကြောင်းကို အကိုရုန်းကလက်တွေ့ပြလို့နေ၏။
စကားမတည်တဲ့ ဆံပင်ကောက်ကောက်နှင့်စုန်းထီးကြီးအကိုရုန်းက ခါးကိုဖက်ထားရင်း ကျုပ်မျက်နှာကို သူ့နှာခေါင်းနှင့်ပွတ်သပ်နမ်းရှုံနေသည်မှာ ငါးမိနစ်လောက်ရှိတော့မည်။
ကျုပ်ကခေါင်းကိုအတင်းငုံ့မိတော့မှ ပိုလို့ပင်ဆိုးသွားသေးသည်။
ခါးမှာရှိတဲ့ အကိုရုန်း၏လက်နှစ်ဖက်က ကျုပ်လည်တိုင်သို့တတ်ကာ မျက်နှာကိုမော့ခိုင်းစေရင်း လည်တိုင်ကို လက်မနှင့်မထိတထိပွတ်သပ်နေပြန်သည်။
ယားတတ်လွန်းတဲ့ကျုပ်က တွန့်လိမ်မိတော့ လက်တစ်ဖက်နှင့် ခန္ဓာကိုယ်အား အတင်းဆွဲကပ်ပစ်၏။
ဘယ်လိုရှောင်ရှောင်မလွှတ်နိုင်သည့် စက်ကွင်းကြီးပေမို့ မောင်ရိုးငြိမ်ငြိမ်လေးနှင့်မျက်စိမှိတ်နေ၍သာ ကြိတ်ခံလိုက်ရသည်။

အားရသွားပုံရတဲ့ အကိုရုန်းက ပြုံးပြုံးကြီးနှင့် ကျုပ်ပါးနှစ်ဖက်ကိုညှစ်ကာဆွဲယူရင်း နဖူးပြင်အား တစ်ချက်နမ်းကာအဆုံးသတ်လိုက်၏။

ရုန်း၏လက်ထဲတွင် အနယ်ခံလိုက်ရသော ဂျုံမုန့်လုံးလေးမောင်ရိုးမှာ နှုတ်ခမ်းဆူရင်း တွန့်ရွသွားတဲ့အင်္ကျီကို နေရာပြန်ချလို့်နေသည်။

"ကျုပ်ကအကိုရုန်းကို သတိတရနဲ့ဝင်ကြည့်တာကို အကိုရုန်းက လွှတ်မပေးဘူး။"

"ကိုယ်ကလည်း သတိတရနဲ့ နမ်းမိတာပါကွာ။"

အကိုရုန်း၏စပ်ဖြီးဖြီးနှင့် မျက်နှာကြီးကို မောင်ရိုးဆွဲကုပ်ပစ်ချင်၏။
ဒါပင်မဲ့ ကျုပ်ပိုင်တဲ့ ခန့်ခန့်ညားညားမျက်နှာပေဘဲမို့ သက်ပြင်းတစ်ချက်ချရင်း လက်လျှော့လိုက်ရသည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now