အပိုင်းခုနှစ်

2.1K 110 0
                                    

unicode

ရိုးလေး ဒီနေ့တစ်နေ့လုံး အိမ်ဘက်ကိုလှည့်မလာခဲ့။
မရှက်စတမ်းဝန်ခံရလျှင် ရုန်းလွမ်းမိပါ၏။
ရုန်းနဲ့အချိန်ဖြုန်းနေရတာကို ရိုးလေးကတော့ပျင်းရှာနေမပေါ့။
အနားမှာထိုင်ခိုင်းရင်း ငေးကြည့်နေမိတာ နင့်နင့်သဲသဲရယ်။ချစ်လို့ဆိုတာကတော့ ဘယ်တော့မှ ဝန်မခံမယ့်အရာတစ်ခု။

တနေကုန်လွမ်းနေတာကြောင့် နေ့လည်ဘက်အောက်ထပ်ဆင်းကာ အဖွားကိုမေးမယ်ကြံတော့ ရိုးလေးအမေကရောက်နေသည်။ ရိုးလေးရှိရာအရပ်အား မေးခွန်းထုတ်မိတော့ ရွာထဲကမန်ကျည်းပင်အောက်တဲ့။
သိပ်များများစားစား စဥ်းစားလိုက်စရာမလို။  ရိုးလေးနဲ့အတူလျှောက်သွားချိန်က တွေ့ဖူးခဲ့တာမို့ bootsအနက်လေးအားစီးကာ ရိုးလေးရှိရာ မန်ကျည်းပင်အောက်ခပ်သော့သော့နှင်ရ၏။
ဖမ်းရခက်တဲ့ ယုန်ညိုလေးအား ရုန်းဖမ်းမိတော့မည်လေ။

မန်ကျည်းပင်အောက်ရောက်တော့ ရိုးလေးက ကြွက်မှီးဆံပင်ကေပုံစံညှပ်ထားသောအမြွှာညီအစ်ကိုနှစ်ယောက်နှင့်တူတူထိုင်နေသည်။ ရိုးလေးက ရုန်းလာသည့်လမ်းကို ကျောပေးထားသည်မို့ ရုန်းကိုမြင်ဟန်မတူ။ စာလေးခွေကြော်အားသဘောခွေ့နေသည့် ကောင်လေးအား နှုတ်ခမ်းနားလက်ညိုးအသာကပ်ရင်း 'တိုးတိုး' ဟူသောသဘောလုပ်ပြရသည်။
ယုန်ညိုလေးက အသံကြားလျှင်ပြေးဖို့ ချောင်းလိမ့်မည်။ အတတ်နိုင်ဆုံးခြေသံလုံရမည်လေ။
ဒီတစ်နေ့တော့ ရုန်း ယုန်ညိုလေးနှင့် ပွတ်သပ်ကစားကာ အချိန်ကုန်ချင်နေလေပြီ။

ရိုးလေးကျောနားကပ်ကာ ခိုးနားထောင်မိတော့ စိတ်ပျက်လက်ပျက်နှင့် 'ငါတော့ သွားပါပြီကွာ' တဲ့။ ရိုးလေးဆိုလျှင် စနောက်ချင်သည့် ညဥ်လေးကရှိပြန်တော့ ခါးအသာကိုင်းကာ နားရွက်နားအသာကပ်ရင်း 'ဘာတွေ သွားနေတာလဲ ရိုးလေးရဲ့။' ဟု ခပ်သဲ့သဲ့ကျီစယ်မိပြန်သည်။ ရလဒ်အနေနဲ့ကတော့ ယုန်ညိုလေး လှစ်ခနဲထွက်ပြေးတာပင်။
တကယ့်ယုန်ညိုလေးသာဆိုလျှင် နားရွက်လေးမှကိုင်ဆွဲကာ အိတ်ထောင်ထဲ ထည့်ပြီး ဖမ်းချုပ်ထားပစ်မည်။
တကယ့် ယုန်ညိုလေးမဟုတ်ပြန်တော့ လက်ကနေသာဖမ်းဆွဲထားရ၏။
ရုန်းလက်မြန်ပေလို့သာပေါ့။ မဟုတ်လျှင် ရိုးလေးအားလွတ်တော့မည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now