အပိုင်း သုံးဆယ့်ခုနှစ်

1.8K 72 3
                                    

unicode

မွန်းတည့်ချိန်ရောက်တော့မည်မို့ အိပ်ရာမနိုးသေးသည့်ရိုးလေးအား အခန်းထဲဝင်ကာနှိုးရသည်။ ပင်ပန်းတာသိပင်မဲ့ အရမ်းနောက်ကျသွားလျှင် ညစောစောမအိပ်နိုင်ပဲနေလိမ့်မည်ကစိုးရသည်။ ထို့အပြင် မွေးမြူရေးခြံမှအလုပ်သမားခေါင်းဆောင်က ကြက်ခြံထဲအရေးကြီးပါတယ်ပြောကာ လာခေါ်တာမို့သွားရဦးမည်ဖြစ်၏။

ဖြစ်နိုင်လျှင်တော့ ရိုးလေးအနားမှခွာ၍ မသွားချင်။ အဖွားစိတ်ချလက်ချထားခဲ့သည့်လုပ်ငန်းပေမို့ ပေါ့ပေါ့တန်တန်မထားရဲ။ သတိတစ်ချက်လွတ်၍အရာအားလုံးဆုံးရှုံးသွားခဲ့လျှင်တောင် ရုန်းမှာအခြေမပျက်နေနိုင်ဆဲဆိုပင်မဲ့ တရားအားထုတ်နေပြီဖြစ်သော အဖွားကိုမျက်နှာပူရသည်။

"ရိုးလေး....ထတော့...ထ၊ဆယ်နာရီကျော်နေပြီ။ ထတော့၊ ကိုယ်သွားစရာလေးရှိလို့။"

မနက်ခင်းနေရောင်နှင့်ကြည်လင်နေသောမျက်နှာနုနုအား နှာခေါင်းဖျားဖြင့်ပွတ်သပ်ကလူရင်း နှိုးရ၏။ အလန့်တကြားမနှိုးရဲပေ။ ငေါက်ခနဲထထိုင်လိုက်လို့ ခေါင်းမူးသွားနိုင်သည်။

လွန့်လူးလာပြီဖြစ်သောကိုယ်လုံးလေးက ရုန်းမျက်နှာကိုလက်ဖဝါးနှင့်တွန်းဖယ်ရင်း တစ်ဖက်သို့လှည့်သွားသည်။

"သွား...အကိုရုန်းကို ကျုပ်စိတ်ဆိုးနေတယ်။ ပြောတော့ဖြင့်နာရင်ပြောပါဆိုပြီး နာလို့နာတယ်ပြောတော့ကြ မသိချင်ယောင်ဆောင်တာ မိုးပါလင်းတယ်၊အခုကျုပ်တစ်ကိုယ်လုံး ကိုက်ခဲနေပြီဗျ။"

"ကိုယ်တောင်းပန်ပါတယ်ရိုးလေးရယ်၊အခုဆေးဝယ်ထားတယ်။ မနက်စာလေးစားပြီး သောက်လိုက်နော်။"

အမှန်ပင် မောင်ရိုးလှုပ်တောင်မလှုပ်နိုင်။ ဟိုဘက်၊ဒီဘက် လှိမ့်လိုက်လျှင်တောင် ခါးကနာလိုက်၊ပေါင်တံကနာလိုက်နှင့်။ ညှပ်ရိုးနှင့်ပုခုံးသားများကိုလည်း ကိုက်ခဲထားတာကြောင့် သွားရာအကွင်းလိုက်များက စပ်ဖြင်းဖြင်းဖြစ်နေသေးသည်။ အောက်ပိုင်းတစ်နေရာက ပိုလို့ပင်ဆိုးသေး၏။ ဒါကိုများ ရပ်ပေးပါမယ် ပါးစပ်ကထွက်နိုင်သေး။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now