အပိုင်း တစ်ဆယ့်ငါး

1.6K 92 1
                                    

unicode

အိမ်ပြန်ရောက်တော့ ဂျီးတော်ကထမင်းဝိုင်းပြင်ကာစောင့်နှင့်နေပြီ။
ဂျီးတော်က ကျုပ်ဖွားပုအိမ်သွားသည်မှာ အကိုရုန်းနှင့် ဖုန်းပြောဖို့မှန်းမသိ။ အကိုရုန်းနှင့်ဖုန်းပြောသည်ကို ဂျီးတော်အား ဖွားပုဆီအလည်သွားသည်ဟု လိမ်ထားခဲ့သည်။တစ်သက်နှင့်တစ်ကိုယ် ဂျီးတော်ကိုတခါမျှမလိမ်ဖူးပါ။ အကိုရုန်းကြောင့်နှင့်သာ လိမ်လိုက်ရ၏။ ငရဲမှာအပြစ်ခံရမည်ဆိုလျှင်လည်း နောက်မှခံလိုက်မည်။ အကိုရုန်းနှင့် ဖုန်းပြောရသည်မလား။

နှစ်လတိတိတစ်ရက်မျှမပျက် သွားနေသည့်ကျုပ်ကို ဂျီးတော်ကသိပ်အမြင်မကြည်ချင်တော့ပေ။ ဂျီးတော်ထက် ဖွားပုကို ပိုသံယောဇဥ်ရှိနေသည်လားပေါ့။

နောက်နေ့ မသွားတော့မည်ဖြစ်တာကြောင့် ဂျီးတော်လည်း အမြင်မကြည်စရာမလိုတော့ပေ။

မောင်ရိုးထမင်းစားပွဲ၌ထိုင်ချကာ လက်ဆေးဇလုံထဲလက်နှစ်ဆေးပြီးနောက် ဟင်းခွက်များကိုကြည့်လိုက်တော့ ငါးမြင်းဆီပြန်၊ဂေါ်ဖီထုပ်ကြော်နှင့်အတူ ငပိရည်တို့စရာအစုံက စားချင်စဖွယ်အတိ။
သို့သော်မောင်ရိုးအတွက်တော့ ထိုဟင်းပွဲများက ဝမ်းနည်းချင်စရာဖြစ်နေသည်။ 

"ဂျီးတော်ကလည်းဗျာ ငါးမြင်းလေးသနားပါတယ်။ သူကသူ့ဘာသာအစာစားတာကို အဖမ်းခံရတယ်။ ပြီးတော့ခုတ်ထစ်ပြီး ကျုပ်တို့စားတာခံရပြန်ကော။ တမလွန်ကနေ သူ့ခန္ဓာကိုယ်လေးကိုကျုပ်တို့စားနေတာကြည့်ရင်း ဘယ်လောက်တောင်ဝမ်းနည်းနေလိုက်မလဲ။"

ဂျီးတော်မှာ ပါးစပ်ထဲထည့်မည့် ထမင်းအလုပ်လေးအား ပြန်ချကာ အသေအချာစဥ်းစားကြည့်မိပြန်တော့ သူမ၏သားပြောသည်မှာ မှားတော့မနေ။

"သားလေးရယ် ဒါဆိုလဲ ဂေါ်ဖီထုပ်ကြော်လေးနဲ့စားနော်။"

"ဂေါ်ဖီထုပ်လဲ အပင်ကရတာပဲ အသက်ရှိမှာပေါ့။ ကျုပ်တို့စားလိုက်ရင် သူနာနေမှာဗျ။"

သူမ၏သား ဝမ်းပန်းတနည်းနှင့်ပြောနေပုံက ခဏနေလျှင် မျက်ရည်ဘူးသီးလုံးလောက်ကျတော့မည့်အတိုင်း။

"ဒါဆို ငပိရည်၊တို့စရာလေးနဲ့စားဟယ်။ ငါလည်းမပြောတတ်တော့ဘူး။"

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now