အပိုင်းလေး

2.7K 152 6
                                    

unicode

ရုန်းက ခရီးသွားတစ်ယောက်။ မြန်မာနိုင်ငံအနှံ့က ချောင်ကြိုချောင်ကြား နေရာတွေအထိပါသွားတဲ့လူ။ ယခုက ခရီးသွားခြင်းကိုခနရပ်ဆိုင်းရင်း ရန်ကုန်မှာသောင်တင်နေတာကြောင့် အဖွားကိုတွေ့ချင်တာနဲ့ ဝက်လက်ကုန်းရွာသို့ရောက်လာခြင်းဖြစ်သည်။

ရောက်ရောက်ခြင်း ရွာထိပ်ဘောလုံးကွင်းဖြစ်ဟန်တူသည့်နေရာ၌ ကောင်လေးတစ်ယောက်ကိုတွေ့ရသည်။ ကလေးဗိုလ်လေးထင်ပါရဲ့။ ကလေးတွေကို လူတိုက်ချနေတာများ သူ့ခန္ဓာကိုယ်ကြီးနှင့်။
သူ့ဘက်က ကလေးနှစ်ယောက်ကတော့ ဂိုးတိုင်နားမှာ မတ်တပ်ရပ်ရင်း လက်ခုပ်လက်ဝါးတီးလျက် အားပေးနေကြသည်။ ဟိုဘက်ကတော့ ကျောင်းသားလေးတွေမို့ အလူးလူး အလဲလဲပင်။ ထိုကောင်လေးက အသက်ဆယ့်ကိုး နှစ်ဆယ်လောက် ဖြစ်ဟန်တူသည်။ ရုန်းရောက်ပြီး ပွဲစချိန်ထဲက ထိုကောင်လေးဆီက မျက်လုံးမခွာနိုင်ပေ။ အသားကအရမ်းတော့မဖြူ ခပ်ညိုညိုနှင့်။ ခန္ဓာကိုယ်က ရုန်းလို ကြွက်သားများဖြင့်ပြည့်မနေ။ ကျစ်ကျစ်လစ်လစ်နှင့်ကြည့်ကောင်းသည်။
ရုန်းကြည့်နေသည့် တချိန်လုံးထိုကောင်လေး၏ မျက်နှာက အပြုံးများဖြင့်ပြည့်နေ၏။ သွားဖွေးဖွေးလေးများက ညီညီစီစီ။ နောက်ဆုံးတစ်ခုက ထိုကောင်လေး၏ မျက်နှာ။ ထိုကောင်လေး၏မျက်နှာသည် ကြည့်လိုက်သည်နှင့်ပင် ရုန်း၏ရင်ထဲအေးချမ်းသွားစေတာဖြစ်သည်။ မြင်လိုက်သည်နှင့်ပင်အေးချမ်းသွားစေနိုင်သော မျက်နှာပေါက်မျိုးပင်။

ခနကြာတော့ လူတိုက်ခံရတဲ့ကလေးတွေက ထွက်ပြေးသွားသည်။ ထိုကောင်လေးအားကြည့်တော့ ရွံဗွက်တွေဖြင့်ပေကျံနေလျက်။

ရုန်းထိုနေရာလေးမှ အကြည့်လွှဲကာ ဆိုင်ကယ်ကိုစက်နှိုးပြီး အဖွားအိမ်ဆီသာ အမြန်သွားရသည်။ ရုန်းရဲ့ နှုတ်ခမ်းကတော့ ကွေးညွှတ်နေလျက်။

ရုန်းရောက်တော့ အဖွားကအပြင်သွားစရာရှိ၍ အကူကောင်မလေးနှင့်တူတူ အပြင်ထွက်သွားသည်။ ရုန်းမရောက်ခင်အဖွားကို ကြိုပြောထားတော့ အပေါ်ထပ်မှာ ရုန်းအတွက် အခန်းပြင်ပေးထားသည်။ ရန်ကုန်၌ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများအား ရွာလေး၌ ဖြေလျှော့ချင်တာကြောင့် အထုပ်အပိုးများက ခပ်များများ။ ရန်ကုန်မှ ဒီအထိဆိုင်ကယ်နှင့်သာ ခရီးနှင်လာသည်။ အထုပ်အပိုးများကတော့ ကားလိုင်းနှင့် သယ်လာသည်မို့ ကားဂိတ်မှာ ထော်လာဂျီတစ်စီးအားငှားကာ အိမ်အထိ အထုပ်အပိုးများကို ပို့ခိုင်းခဲ့သည်။ အချိန်တခဏမျှအကြာတွင် ရုန်း၏အထုပ်အပိုးများက ထော်လာဂျီနှင့် ရောက်လာ၏။ ထော်လာဂျီမောင်းသည့်ကောင်လေးအား အထုပ်တွေကိုအပေါ်ထပ်သို့ ကူသယ်ခိုင်းရသည်။ ပြီးနောက်အောက်ထပ်ဆင်းကာ ရေတစ်ဗူးယူသောက်နေချိန်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Kde žijí příběhy. Začni objevovat