အပိုင်း တစ်ဆယ်

2K 102 2
                                    

unicode

ပွဲစျေးလျှောက်ကြမည်ဆိုတော့ ရုန်း၏ဆိုင်ကယ်ကြီးနှင့် ဆိုင်ကယ်ဦးထုပ်မှာ ကန့်လန့်ကန့်လန့်။ လမ်းလျှောက်သည့်တစ်ချိန်လုံး ဆိုင်ကယ်ကြီးအား တွန်းသွားရမည်ဆိုလျှင် သူတို့ငါးယောက်စလုံးအတွက် သိပ်တော့မပြေလှ။
ဒါကြောင့်မို့ ဖိုးတုတ်က ပွဲစျေးတန်းထဲက လူတစ်ယောက်အားခေါ်ကာ တီးတိုးတီးတိုးနှင့် ဘာတွေသွားပြောလိုက်သလဲမသိ။

"ဒီဦးလေးကြီးက ဖွားပုအိမ်ကို ကိုကြီးရုန်းဆိုင်ကယ်ယူသွားပေးလိမ့်မယ်။"

ဆိုကာ ထိုဦးလေးကြီးက ရုန်းဆိုင်ကယ်နဲ့ဆိုင်ကယ်ဦးထုပ်ကို ယူသွားတော့သည်။

"ဆက်သွားကြမယ်။ ကိုကြီးရုန်း မုန့်ဝယ်ကျွေးရမှာနော်။"

မိသွယ်က အားကြိုးမာန်တတ် ပြောကာ ရှေ့ကသွားရန်ပြင်သည်။

"ဒါဆိုငါမဝယ်ကျွေးတော့ဘူးနော်။"

မောင်ရိုးက သူဝယ်ကျွေးရမှာကိုမသိသလိုပြောတော့ ကျန်တဲ့သုံးယောက်က စိတ်ပျက်လက်ပျက်နှင့်။

"ဟာ......ကိုကြီးရိုးကလည်းဗျာ။ သားတို့က အများကြီးစားချင်လိုဟာကို။"

"ဟုတ်ပါ့ဗျာ။"

"ကိုကြီးရိုးလဲဝယ်ကျွေးပါလို့။"

ကလေးတွေတွန့်လိမ်နေတာကိုကြည့်ကာ ရိုးလေးကပြုံးနေ၏။
ပီတိနည်းနည်းစွက်နေ၍ထင်။ ရုန်းအတွက် ရိုးလေးမျက်နှာက ကြည့်၍မဝနိုင်ပေ။

"ကိုကြီးရုန်းကပဲ အများကြီးဝယ်ကျွေးမှာမို့ မင်းတို့ကိုကြီးရိုးကို ဂျစ်မတိုက်ပါနဲ့တော့ကွာ။ သွားကြရအောင်နော်။"

"ရေးး"

ရုန်းအပြောကြောင့် ကလေးသုံးယောက်လုံးကပျော်သွားကြသည်။ ဖိုးတုတ်နဲ့ဖိုးသားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်က ဘာမှန်းမသိတဲ့ ဘရိတ်ဒန့်အကကို က ကာရှေ့ကနေလျက်လျှောက်သွားသည်။ မိသွယ်ဆိုတဲ့ကလေးမလေးကတော့ သူတို့၏ဘေးတွင် ရယ်လျက်၊မောလျက်။ ရုန်းကလည်း နံဘေးကအေးချမ်းသည့်မျက်နှာပိုင်ရှင်လေးကို ငေးရင်းလိုက်ရတော့သည်။

တစ်နေရာအရောက် ရုန်းရဲ့ခြေလှမ်းများရပ်တန့်သွား၏။ ရုန်းရဲ့အကြည့်ကို ဖမ်းစားလိုက်သည်များက ဗန်းထဲတွင် အပုံလိုက်အစီစီအရီရီရှိနေသည့် အသီးခြောက်လေးများ။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now