အပိုင်း တစ်ဆယ့်ခုနှစ်

1.5K 78 1
                                    

unicode

ဒီနေ့ကရိုးလေး၏ ဖခင်ဆုံးတာ ၁၂နှစ်ပြည့်သည့်နေ့။
ထိုကောင်လေး၏နှုတ်မှဖွင့်မပြောလျှင်တောင် မျက်ဝန်းများကိုကြည့်လိုက်သည်နှင့် ဝမ်းနည်းနေသည့်အရိပ်အယောင်များက တရိပ်ရိပ်ဖြတ်ပြေးနေမှန်း ရုန်းသိသည်။

ဆုံးပါးသွားသည်မှာ ၁၂နှစ်ပြည့်ခဲ့ပင်မဲ့ သေဆုံးရသည့်အကြောင်းအရင်းမှန်ကို ရိုးလေးခုချိန်ထိမသိရသေးကြောင်း ရုန်းကိုဖွားပုပြောပြဖူးသည်။
ဖခင်သေဆုံးရသည့်အကြောင်းအရင်းကို ရိုးလေးကိုယ်တိုင်သိသွားခဲ့လျှင်တောင် သူရဲကောင်းဆန်ဆန်သေဆုံးခဲ့သည့်ဖခင်အား ရိုးလေးဂုဏ်ယူလို့မဆုံးဖြစ်နေလောက်မည်ဆိုတာ ခန့်မှန်းကြည့်စရာတောင်မလို။

"အကိုရုန်း လာခဲ့။ ကျုပ်အိမ်ပေါ်မှာနေရာပြင်ထားတယ်။"

အတော်အသင့်ကျယ်ဝန်းသည့် အိမ်ရှေ့မြေပေါ်တွင်ကလေးများအတွက် စားပွဲခုံအပုလေးများခင်းကျင်းထားပေးသည့်နေရာ၌ ရိုးလေးကဟင်းရည်အိုးကိုဆွဲကာ လိုအပ်သည့်နေရာများကို လိုက်ထည့်ပေးနေသည်။
ရုန်းကိုတွေ့တော့ ဟင်းရည်အိုးကိုပစ်ချကာ လက်နှစ်ဖက်ကို သစ်လွင်နေသည့်ပုဆိုးဖင်နှင့်ခပ်မြန်မြန်ပွတ်သုတ်ပြီးနောက် လက်ယက်ခေါ်ရင်း အနားလာခိုင်း၏။

အဖြူရောင်လည်ကတုံးအင်္ကျီလေးနှင့်
အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေးက
ရုန်း ချစ်ရသူ။
ရုန်း မြတ်နိုးရသူ။

အနားရောက်သွားတော့ လက်မောင်းမှဆွဲကာ အိမ်ပေါ်သို့အတင်းခေါ်သွားသည်။
ပျဥ်ထောင်အိမ်ကျဥ်းကျဥ်းလေးရှိ ဘုရားစင်ရှေ့ကိုကြည့်ပြန်တော့လည်း သက်ကြီးရွယ်အိုများနှင့် ပြည့်လျှံလို့။

ခေါင်းကုပ်နေပြီဖြစ်တဲ့ ရိုးလေးကအကြံကုန်လို့နေလောက်ပြီ။

"အဆင်မပြေရင် ကိုယ်အောက်မှာပဲစားလိုက်မယ်လေနော်။"

အခက်မတွေ့အောင်ဆိုမိပြန်တော့ ယုန်ညိုလေးကမကျေမနပ်။

"မရပါဘူးဗျာ။"
"ကျုပ်နေရာပြင်ထားတာကို ဂျီးတော်က တခြားလူတွေထိုင်ခိုင်းပစ်လိုက်တယ်။"

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now