အပိုင်း တစ်ဆယ့်သုံး

1.5K 91 2
                                    

unicode

ရုန်းငယ်ဘဝရဲ့ တစ်နေ့တာက သိပ်ရိုးရှင်းလွန်းတယ်။
မနက်နိုးလာရင် မျက်နှာသစ်၊ရေချိုးတယ်။ မားမားအလုပ်မသွားခင် ထုတ်ပေးထားခဲ့တဲ့ ကျောင်းစိမ်းအင်္ကျီကိုဝတ်တယ်။ ပြီးရင်မားမားပြင်ပေးခဲ့တဲ့ မနက်စာကိုစာအုပ်ဖတ်ရင်းစားတယ်။
အိမ်ရှေ့ကိုကျောင်းကားရောက်လာရင် ကျောင်းသွားတယ်။ တစ်နေ့တာကို ဖြတ်သန်းပုံက နေ့တိုင်းတစ်ပုံထဲပဲ။ စိတ်ပျက်ဖို့ကောင်းပြီးဆူညံနေတဲ့၊ ငါးတန်းကျောင်းသားကျောင်းသူတွေပြည့်နေတဲ့ စာသင်ခန်းထဲမှာ မတုန်မလှုပ်ထိုင်ပြီး စာသင်ရင်းပေါ့။

ကျောင်းကပြန်လာရင် ညစာအတွက် ဂတ်စ်မီးဖိုကိုဖွင့်ပြီး ရေခဲသေတ္တာထဲမှာရှိနေတဲ့ တစ်ခုခုနဲ့ ချက်ပြုတ်စားသောက် ဗိုက်ဖြည့်ရတယ်။ အထက်လူကြီးအထုအထောင်းအမြဲခံနေရတဲ့ မားမားကိုသာ ညစာတူတူစားရဖို့စောင့်မယ်ဆိုရင် ရုန်းဗိုက်ဟောင်းလောင်းနဲ့မနက်မိုးလင်းရလိမ့်မယ်။
ဒါတွေအတွက်မားမားကို အပြစ်မတင်မိပါဘူး။ ကျပ်တည်းလွန်းလှတဲ့ ခေတ်ကြီးမှာအမျိုးသမီးတစ်ယောက်အနေနဲ့ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ကို ကျောင်းထားပြီးစားဝတ်နေရေးကိုပါဖြေရှင်းနေရတာက လွယ်ကူနေတဲ့အလုပ်တော့မဟုတ်ဘူးလေ။

မားမားအလုပ်က စောစောပြန်လာရတဲ့နေ့တွေဆို စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကိုဆွဲထုတ်ပြီး စာအုပ်မှာပါတဲ့အကြောင်းအရာတွေကိုအပြန်အလှန်ဆွေးနွေးကြတယ်။ အံ့သြဖို့ကောင်းတဲ့မားမားက စာအုပ်စင်ပေါ်က စာအုပ်အားလုံးကို အလွတ်ပြောနိုင်တဲ့ထိ ကျေညက်တယ်။ ရုန်းလိုစာအုပ်သရဲအတွက် အဲ့ဒီအခိုက်အတန့်တွေက အဖိုးဖြတ်လို့မရခဲ့ဘူး။
မားမားရဲ့အေးချမ်းတဲ့မျက်နှာနဲ့အတူ ငြိမ်းချမ်းတဲ့အသံလေးနဲ့ 'မားသားလေးက တော်လိုက်တာ' လို့ခေါင်းလေးပွတ်ပြီးပြောရင် ရုန်းရဲ့အေးစက်စက်မျက်နှာကအပြုံးတွေဝေရတယ်။ နှစ်နှစ်ခြိုက်ခြိုက်ပေါ့။

'လင်ကောင် မပေါ်ပဲမွေးတဲ့ကလေး'
'သူ့အမေရုပ်က အေးချမ်းသလောက် သားမျက်နှာက ကျက်သရေမရှိ'
'ဘယ်ရှိပါ့မလဲ မိသားစုမှမစုံတာ'
'ငါ့သားလေးကို သူနဲ့ဝေးဝေးရှောင်ခိုင်းမှ'

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now