အပိုင်း သုံးဆယ့်ရှစ်

1.5K 69 5
                                    

unicode

ရက်အချို့စုပေါင်းကာ'လ'မှ နှစ်သို့ကူးပြောင်းလာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်အတွင်းကူးပြောင်းလာခဲ့ရသည့်ရက်များကထူးဆန်းမနေသလောက် အကိုရုန်းနှင့်အတူ ဖြတ်သန်းခဲ့ရသော၂နှစ်တာမှာ ပျော်ရွှင်ချမ်းမြေ့စရာ၊လှိုက်ဖိုရင်မောစရာ အတော်ကောင်းခဲ့၏။

ဟုတ်သည်....။ ကျုပ်တို့ရဲ့ အိမ်ထောင်သက်တမ်းမှာ ၂နှစ်တိတိမျှရှိချေပြီ။ 'လင်နဲ့မယားလျှာနဲ့သွား' ဆိုသည့်စကားပုံအတိုင်း ကျုပ်တို့ရဲ့အိမ်ထောင်ရေးဟာလည်း ရန်လုံးဝမဖြစ်ပါဘူးဟူသော စင်းလုံး ချောမနေခဲ့ချေ။
သဘောထားချင်းမတိုက်ဆိုင်၍ ကတောက်ကဆဖြစ်ခဲ့သော်ငြား မျက်နှာချင်းဆိုင်စကားထိပ်တိုက်မပြောပဲနေသည်မှာ တစ်ရက်မျှပင်မကြာ။ ဖြစ်လိုက်လျှင်လည်း ရန်ပွဲကကြီးကြီးမားမားမဟုတ်။ အကိုရုန်းအိပ်ယာဝင်နောက်ကျတာ၊ကျုပ်အချိုတွေအရမ်းစားတာကြောင့်သာ စကားများတတ်ကြ၏။

"ဘာလို့ကိုယ့်ကို မနှိုးတာလဲ။"

အကိုရုန်းအတွက်မနက်စာပြင်ပေးရန် မီးဖိုချောင်ထဲ၌ နှပ်ကော်ဖီတခွက်နှင့်ကြက်ဥမကျက်တကျက်လေးအားကြော်နေစဥ် အိပ်ချင်မူးတူးနဲ့အကိုရုန်းကရောက်လာကာ နောက်ကနေခါးကိုဖက်ရင်းကိုယ်လုံးကြီးကို မှီချထားပြန်သည်။ အကိုရုန်းအနားကပ်လာတိုင်း သတိအမြဲထားရ၏။ အကိုရုန်းမှီချလိုက်၍ ကျုပ်ခန္ဓာကိုယ်ကိုတောင့်မထားမိလျှင် နှစ်ယောက်စလုံးပစ်လဲနိုင်သည်။

"အကိုရုန်းက တော်တော်ကြီးကိုအိပ်မောကျနေတော့ ကျုပ်ကဘယ်လိုနှိုးရက်မတုန်းဗျ။"

"အင်း......"

ပြောရင်းနှင့်မှ အိပ်ရေးမဝသေးသောအကိုရုန်းက ကျုပ်ပုခုံးပေါ်မျက်စိကြီးမှိတ်ချထားလျှက်မှေးနေပြန်သည်။

အိပ်ချင်တာများအိပ်မနေဘူး။ လူမရှိတာနဲ့လိုက်ထပြီ။

"ရန်ကုန်မှာဆို အဲ့လိုတကူးတကရေနွေးအိုးတည်နေစရာမလိုဘူး။ ခလုတ်တချက်နှိပ်လိုက်တာနဲ့ရပြီ။"

အကိုရုန်းသောက်ဖို့နှပ်ကော်ဖီ နှပ်ရန် ရေနွေးထည့်တော့ ရေနွေးကမီးသွေးမီးဖိုနှင့်တည်ရသည်မို့ ထိုသို့ထပြော၏။ အကိုရုန်းစားချင်သောအမျိုးအမည်များက ဒီနေရာတွင်မရနိုင်ပေ။ ဒါကြောင့် အကိုရုန်းကတစ်လတစ်ခါရန်ကုန်သို့သွားကာ လိုအပ်သည်များကိုရက်သုံးဆယ်စာဝယ်သည်။ ထိုနေ့များတွင် ရန်ကုန်သွားရသည်မှာ တနေကုန်၏။ အကိုပိုင်ခန့်ဦးစီးနေသော အကိုရုန်း၏အလုပ်များကိုလည်းဝင်စီမံနေသောကြောင့်ဖြစ်သည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now