အပိုင်း သုံးဆယ့်ခြောက်

1.6K 70 7
                                    

unicode

ဤအပိုင်း၌ အသက်မပြည့်သေးသောသူများဖတ်ရှုရန်မသင့်တော်သော အခန်းအနည်းငယ်ပါဝင်ပါသည်။ အတတ်နိုင်ဆုံးနူးနူးညံ့ညံ့ရေးထားသည်မို့ ဖတ်သင့်၊မဖတ်သင့် ကိုယ့်သဘောနှင့်ကိုယ်ဆုံးဖြတ်ကြပါရန်.....။
°°°°°°°°

"ဖွားသွားတော့မယ်၊ဂရုစိုက်နေကြ ဟုတ်ပြီလား။ လွမ်းလည်းမနေနဲ့၊အဖွားအိုကြီးကို။"

တရားအားထုတ်တော့မည့်အဖွားက ရုန်းတို့မင်္ဂလာချိန်ကျော်သည်နှင့် တရားစခန်းသို့သွားတော့မည်မို့ ရုန်းနှင့်ရိုးလေးက လိုက်ပို့ပေးနေရတာဖြစ်သည်။ သားသမီးမြေးမြစ်မရှိသောအဖွားက ပိုင်ဆိုင်သည့်လုပ်ငန်းအလုံးစုံကို ရုန်းလက်ထဲစိတ်ချလက်ချထားပစ်ခဲ့၏။ ခွဲခွာခြင်းကိုနေသားမကျနိုင်သော ကောင်ငယ်လေးကနံဘေးတွင် တရှုံ့ရှုံ့။

"ဖွားပု တရားစခန်းလိပ်စာလေးတော့ပြောခဲ့ပေါ့ဗျာ၊ကျုပ်တစ်လတစ်ခါလောက်ဖြစ်ဖြစ် လာလည်မယ်လေ။"

"အောင်မလေး....သံယောဇဥ်တွေဖြတ်ချင်လို့ တရားစခန်းသွားပါတယ်ဆို မောင်ရိုးကလိုက်လာတော့ ဒီကအဖွားကြီးကဘယ်လိုလုပ်မတုန်း။ စိတ်ပူမနေနဲ့ ဖွားပုကိုမေ့ထားပြီး သားရုန်းနဲ့ပျော်ပျော်ရွှင်ရွှင်နေရစ်ခဲ့။ ဖွားပုစိတ်မဆိုးဘူး။"

သံယောဇဥ်တွေဆက်မထားနိုင်တော့တဲ့အဖွားက ရိုးလေးခေါင်းကိုတစ်ချက်ပုတ်ပြီးပိုင်ခန့်ကားပေါ်သို့တတ်သွားသည်။ ပြန်မယ့်နည်းတူ ပိုင်ခန့်ကလိုက်ပို့ပေးပါမည်ဟုအစီအစဥ်ချလိုက်သောကြောင့်ပင်။

"အကိုလိုအပ်တာလုပ်ပေးလိုက်ပါ့မယ်၊စိတ်ချမ်းချမ်းသာသာနေနော်။"

"ဟုတ်ကဲ့ အကိုပိုင်ခန့်၊ကျေးဇူးတင်ပါတယ်ဗျ။ ပြီးတော့ဟိုတစ်ခေါက်ကကျုပ်လုပ်ခဲ့တဲ့ပုံအတွက်လည်း တောင်းပန်ပါတယ်။"

ဖွားပုကိုမနှုတ်ဆက်နိုင်တဲ့ကောင်ငယ်လေးမှာ အမှောင်ကျနေသောကားမှန်ကို တွင်တွင်ကြည့်လို့ ပြန်ပြောသည်။ မျက်ဝန်းညိုညိုကြီးများမှ မျက်ရည်ဥများကပျော့ညံ့၍တော့မဟုတ်။ ငယ်စဥ်ကတည်းက မိဘနည်းတူမေတ္တာထားပေးသော သွေးမနှောသည့်သူစိမ်းကို ပြန်မတွေ့ရတော့ဘူး ဟူသော အတွေးကြောင့်သာ။ မရင့်ကျက်ရချည်ရဲ့လား ဆိုကာမဆူမပူချင်။ ရိုးလေးရဲ့ချစ်ခင်ရသူများအပေါ်ထားရှိသည့် မေတ္တာအတိမ်အနက်ကို ရုန်းသိရှိနေတာကြောင့်ပင်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now