အပိုင်း နှစ်ဆယ့်လေး

1.2K 77 1
                                    

unicode

ရှင်းလင်းစရာရှိသည့်ကိစ္စအနည်းငယ်ကြောင့် ရုန်း ဒေါ်ကေသီတို့မိသားစုအား အလုပ်သမားများမှတဆင့် ဧည့်ခန်းထဲသို့လာရန်ခေါ်ခိုင်းလိုက်သည်။
ရောက်လာသည့်မျက်နှာများက ကျေနပ်ပုံမရ။

"နောက်တစ်ပတ်အတွင်း ဒီအိမ်ပေါ်ကဆင်းပေးပါ။"

ဒေါ်ကေသီ၊မဟာနှင့်မဟော်တို့ ဆိုဖာပေါ်ထိုင်ချလိုက်သည်နှင့်အတူ ရုန်း၏စကားသံက ဒေါ်ကေသီ၏နားထဲသို့ ခါးသက်စွာဝင်ရောက်လို့လာသည်။ အခြေအနေအားနားလည်သည့် မဟာနှင့်မဟော်၏မျက်နှာမှာလည်း အပျက်ပျက်အယွင်းယွင်း။

"ဘာ....ဘာကိစ္စငါတို့ကဆင်းပေးရမှာလဲ။"

သွေးပျက်နေပုံရသည့် ဒေါ်ကေသီရဲ့အသံကတုန်တုန်ရီရီ။ သူမတို့၏သုံးပုံဖြုန်းပုံနှင့်သာဆိုလျှင် ရထားသည့်အမွေများက တစ်ခဏလေးအတွင်းကုန်နိုင်သည်။ နေစရိတ်၊စားစရိတ်များပါ ပါလျှင်တော့သူမတို့ မျက်စိတစ်မှိတ်လေးအတွင်းမှာပင် လမ်းဘေးပြန်ရောက်နိုင်၏။

"ရှင်းရှင်းလေးပဲ။ ဒါကျွန်တော့်အိမ်!! ကျွန်တော်မမြင်ချင်တဲ့ မျက်နှာတွေကိုရှောင်ခိုင်းတာ။"

"ငါကမင်းအဖေကို မင်းအစားပြုစုခဲ့ရတာ။ ငါရသင့်ရထိုက်တဲ့အနေနဲ့ ငါတို့မိသားစုဒီအိမ်ပေါ်မှာနေ နေဦးမှာပဲ။"

ဒေါ်ကေသီကရုန်းအား စူးရှလွန်းလှသည့်အသံနှင့် လက်ညိုးငေါက်ငေါက်ထိုးကာပြောသည်။
ဆူညံသံတွေကို မုန်းသည့်ရုန်းက စူးရှလွန်းသည့် ဒေါ်ကေသီ၏အသံကြောင့် ပေါက်ကွဲထွက်တော့မည့် ဒေါသကိုထိန်းရင်းလက်သီးကိုတင်းတင်းဆုပ်ထားရ၏။

"အဘိုးက ခင်များတို့ကိုရသင့်ရထိုက်တယ်ဆိုတာကိုပေးထားပြီးသား။ အချိန်တစ်ပတ်ပေးပြီးပြီ။ အဲ့ဒီတစ်ပတ်လွန်တာတောင် ခင်များတို့မျက်နှာတွေကို ကျွန်တော့်အိမ်ပေါ်မှာ မြင်နေရဦးမယ်ဆိုရင် ကျွန်တော်အင်အားသုံးမှာပါ။ စိတ်မရှိပါနဲ့။"

စကားအကုန်ပြောပြီးသည့်ရုန်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည့် မျက်နှာများအား မမြင်ချင်တော့၍ ထိုနေရာမှထွက်လာခဲ့သည်။ အတတ်နိုင်ဆုံး ရန်သဘောဆောင်သည့်စကားများမှ သွေဖယ်ကာ ယဥ်ယဥ်ကျေးကျေးပင် ရုန်းသတိပေးခဲ့သည်။ သို့ပင်မဲ့ ဒေါ်ကေသီကနားလည်ပုံမရ။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now