"မရဘူးလား ခေါ်လို့"
"အဲ့..အဲ့လိုတော့မဟုတ်ပါဘူး"
"ထားပါ"
ခတ်ထားတဲ့သော့ကိုယူပြီး သေတ္တာကိုဖွင့်နေရင်း ပြောလိုက်တယ်။သူကတော့ နောက်နားမှာ မတ်တပ်ရပ်လို့။
"ထိုင်ပါဦးမောင်ရဲ့"
မတ်တပ်ကြီး တောင့်တောင့်ကြီးရပ်နေရတာ မသက်မသာရှိလိုက်တာ မောင်ရယ်။
ဘာမှပြန်မပြောဘူး။ဘေးကိုတော့ ကပ်ထိုင်လာတယ်။ဒါနဲ့ မောင်စိတ်တေလှုပ်ရှားနေသလို။မျက်ဆံတေက ဂနာမငြိမ်ဘူး။
ပိုက်ဆံထည့်ထားတဲ့ အိတ္ကို မောင့်ရှေ့ချပြီး ပြလိုက်တယ်။
"ဒီပိုက်ဆံတွေ...နှစ်သိန်းလျော့သွားတယ်...ပြီးတော့ အရင်တစ်ခေါက်မောင်ပြန်လာတာ ငါ့ကို ပိုက္ဆံမအပ္ဘူး"
"ဟမ်..."
သိပ်အိုက်နေသလားမောင်။ချွေးတေထွက်နေတယ်။
"ပြောပါဦးငါ့ကို...အဲ့လောက်အများကြီးမောင်ဘယ်နေရာမှာသုံးလိုက်တာလဲလို့...ဟင်"
လေသံမာမာနှင့်မဟုတ်ဘူး။မသိလို့မေးသလိုပဲ မေးလိုက်တာ။မောင်ကတော့ သူခိုးလူမိသလိုဖြစ်နေရှာပြီ။မရည်ရွယ်ဘူး မောင်ရဲ့။
"ဒီလိုပါပဲ ကိုကိုကလည်း...တစ်ခါတစ်လေတော့ အပေါင်းအသင်းတေနဲ့ သုံးကြတာပေါ့"
"ဟုတ်လို့လား"
ရှေ့တည့်တည့်က မောင့်မျက်လုံးတေထဲ စိုက်ကြည့်ပြီးမှ ပြောလိုက်တော့ အကြည့်တေကို ရှောင်သွားတဲ့မောင်။ရှောင်သွားပြီးဘယ်လောက်မှမကြာဘူး။ပြန်ကြည့်လာတယ်။တစ်ဆိတ်။ပြန်ကြည့်လာတဲ့ အကြည့်မျိုး မောင်တစ်ခါမှ မကြည့်ဖူးသေးဘူး။
"ဒီမွာ ကိိုကို...ဒါတေက ကျနော်ရှာထားတာတေမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ကျနော်ရှာထားတာ ကျနော်ကြိုက်တဲ့နေရာမှာသုံးတယ်ဗျာ...အရင်တုန်းကလည်း အဲ့လိုသုံးခဲ့တာပဲ...ဖေဖေတို့ မေမေတို့တောင် စစ်လားမေးလား မလုပ္ဘူး"
"မောင့်....မောင်ငါ့ကို အော်နေတာလား...ဟမ်"
သိပ်အံသြတယ်မောင်။ကြည့်နေရင်းပင် မောင့်ကို သေချာမမြင်ရပြန်ဘူး။ဝါးတားတား ဖြစ်ပြန်ပြီ။ကျစ်..ဒီမျက်လုံးကဖြစ်ပြန်ပြီ။မျက်ရည်တေ ထွက်ကျလာပြန်ပြီ။