"အစုံသုပ်တစ်မယ်ပဲရှိတယ်"
"တစ်မယ်တည်းဆိုလဲ...စားကောင်းမှာသေချာတယ်...ကိုကို့လက်ရာကိုယုံပြီးသား"
အပြောကောင်းလိုက်တာ။
"အင်း...ငါဝပြီ...မကုန်သေးရင် နေ့လည်စာချန်ခဲ့လိုက်"
"ဟောဗျာ...မစောင့်ပေးတော့ဘူးလား"
ငါလည်း ဘယ်လိုတေဖြစ်နေသလဲ မသိပါဘူးမောင်ရာ။ အရင်တုန်းကလိုလည်း မောင်ထမင်းစားနေတဲ့ဘေးမှာ မစောင့်ချင်တော့ဘူး။အခုလည်း အစုံသုပ်ထဲ ထည့်ထားတဲ့ ငရုပ်သီးနင်သွားလို့ထင်တယ်။ရင်ဘတ်ထဲမှာပူနေလို့ ရေအမြန်သောက်မှဖြစ်မှာ။
"အင်း....ငါမနေချင်တော့ဘူး"
"ဘာ.."
ဟုတ်တယ်မောင်။ငါမင်းအနားမှာ မနေချင်တော့ဘူး။မနေချင်ပေမယ့်လည်း မခွဲနိုင်ပြန်ဘူး။မင်းမရှိဘဲလည်း ငါမနေနိုင်ဘူး။မင်းနဲ့လည်း ငါမနေချင်တော့ဘူး။ဘယ်လိုတေ လုပ်ရတော့မလဲမောင်။ဟင်။
"အာ...ငါစပ်သီးစားမိလိုက်လို့ရေသောက်မလို့"
လှေကားကနေ အပေါ်ကို တက်တက်ချင်း အဝင်ဝမှာ ရေအိုးစဉ်လေး တင်ထားလို့ မောင့် ရှေ့ကနေ ထွက်ခဲ့ဖို့ အခွင့်အရေးရတယ်။ရေအိုးကပါ မီးဖိုထဲမှာမဟုတ်လို့တော်သေးတယ်။
♥♥♥
"ငါရူးတော့မယ်ထင်တယ်...ဘယ်လိုလုပ်ရမှန်းမသိလို့ရူးသွားတော့မလားမသိဘူး"
တစ်ခါမှမလာစဖူး အိမ္ကို ရောက်လာလို့ ထူးထူးဆန်းဆန်းအလည်လာသလားအောက်မေ့နေတာ။အလည်သက်သက်ချည်း မဟုတ်ခဲ့ဘူး။တရားခံကဘယ်သူရှိရမလဲ။
"အစ္ကို အိပ်ရောအိပ်ရဲ့လား..."
ညိုချင်နေတဲ့ မျက်ကွင်းတွေက အိပ္လားမအိပ္လား အသိသာကြီး။ဒီလိုတေ မအိပ်ဘဲနေလို့ ဘယ်ဖြစ်ပါ့မလဲဗျာ။
"ဘယ်လိုများအိပ်ပျော်ပါ့မလဲ...ညက..ညကေလ"
"ဘာဖြစ်တာလဲ...ဟိုကောင်ဘာလုပ်တာလဲ"
မတွေးအပ်တဲ့ အရာပေမယ့် ဘယ်အရာမဆို ဖြစ်နိုင်ချေရှိတယ်မလား။သူတို့နှစ်ယောက်ဆိုတာ တရားဝင်လက်ထပ်ထားတဲ့သူတေပဲ။