အရွက်သုံးရွက်အောက်တွင် မပွင့်သေးသည့်
ပန်းဖူးလေးတစ်ခုရှိနေသည်။ ပြောကြသည့်
စကားများအရ ပန်းအဖူးလေး ပွင့်လာချိန်တွင်
၎င်းကိုဝန်းရံထားသောအရိုးခေါင်းအရွက်များကလည်း
ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးဟန်များသို့
ပြောင်းလဲသွားမည်ဖြစ်သည်။

ဤမှော်ဆေးပင်က ဒဏ္ဍာရီလာအရိုးခေါင်းဆေးပင်
ဖြစ်သည်။ ၎င်းက ရှေးဂူသင်္ချိုင်းများ သို့မဟုတ်
အဆိပ်ငွေ့များအလယ်စသည့် ဆိုးရွားယုတ်ညံ့သော
နေရာများတွင်ပေါက်ရောက်သည်။

စိုက်ပျိုးရန်လိုအပ်ချက်များက ခက်ခဲပြီး
ချောက်ချားဖို့ကောင်းသော်လည်း အရိုးခေါင်း
မှော်ဆေးပင်က သက်တန့်အဆင့်ဆေးလုံးဖြစ်သည့်
မီးလျှံရတနာဆေးလုံးအတွက် ပထမအဆင့်
ပါဝင်ပစ္စည်းဖြစ်နေသေးသည်။

မီးလျှံရတနာက သက်တန့်အဆင့်ခြောက်
မှော်ဆေးလုံးဖြစ်သည်။ ၎င်းကလူအနည်းအကျဉ်းသာ
ပိုင်ဆိုင်သည့် လူသားအဆင့်လွန် အဆင့်ခြောက်
မှော်ဆေးလုံးလည်းဖြစ်သည်။ သံသရာဆေးလုံးနှင့်
ပြုလုပ်ပုံခြင်းမတူသော်လည်း ၎င်း၏အာနိသင်က
သံသရာဆေးလုံးကဲ့သို့ပင် အံ့ဖွယ်ကောင်းလေသည်။
မီးလျှံငှက်က မီးတောက်ကနေပြန်မွေးဖွားသည့်အတိုင်း
၎င်းက သေခါနီးလူတစ်ယောက်ကို ပြန်လည်
မွေးဖွားစေနိုင်စွမ်းရှိသည်။

အရိုးခေါင်းဆေးပင်ကိုစိုက်ပျိုးရန် လိုအပ်သည့်
အခြေအနေများက အလွန်မနှစ်မြို့ဖွယ်ကောင်းရာ
၎င်းက အဖိုးအနဂ္ဃထိုက်သည့်လူသားအဆင့်လွန်
မှော်ဆေးပင်မျိုးထဲပါသည်။

ရှီကျင်း၊ တစ္ဆေသင်္ချိုင်းတောင်တန်းအတွင်းရှိ
နတ်ဆိုးသားရဲသင်္ချိုင်းလိုနေရာမျိုးတွေမှာ
ဤသို့သောမှော်ဆေးပင်မျိုး ရှိနိုင်သော်လည်း
နတ်ဆိုးသားရဲသင်္ချိုင်းအတွင်းသို့ အမှန်တကယ်
ဝင်ရဲသူမှာ အများကြီးရှိတာမဟုတ်ပေ။
နတ်ဆိုးသားရဲသင်္ချိုင်းက သားရဲကြီးများနှင့်
အစွမ်းထက်ကျင့်ကြံသူများ၏အုတ်ဂူများ
တည်ရှိရာနေရာဖြစ်ရာ လျှော့တွက်မိပါက
ကျဆုံးခန်းနှင့်ရင်ဆိုင်ရပေလိမ့်မည်။ ထျန်းကုံ
အဖွဲ့ဝင်များတောင်မှ နတ်ဆိုးသားရဲသင်္ချိုင်းကို
သွားခဲလှသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now