ယုတ်မာတဲ့ကောင်တွေ၊ သူတို့ကျဘာလို့
ဝင်ခွင့်မရရတာလဲ?

အဝင်ဝကို နတ်ဘုရားအဆင့်ကျင့်ကြံသူများက
ဖွင့်ထားခြင်းမှန်း သူတို့နှလုံးသားထဲမှာ
သိနေကြသော်ငြား စောဒကမတက်ဘဲမနေနိုင်ကြပေ။
အခွင့်အရေးသာရပါက သူတို့အားလုံး
ချက်ချင်းပြေးဝင်သွားမိကြမည်ဖြစ်သည်။

လူတိုင်း တီးတိုးပြောဆိုနေကြချိန်မှာပဲ
ရုတ်တရ​က် မြင်ကွင်းထဲကိုလူနှစ်ယောက်
ဝင်​ရောက်လာလေသည်။ ပထမ သူတို့ကို
သတိထားမိသူ များစွာမရှိပေ၊ သူတို့တွေ
ဆယ်မီတာလောက်သာကွာတော့မှ လူတိုင်း
အာရုံစိုက်ကြတော့သည်။

ဆယ်မီတာမှာ အစောင့်များ၏အပိုင်းအခြားပင်၊
ထိုထက်ပိုနီးကပ်လာပါက ထိုအစောင့်များနှင့်
ရင်ဆိုင်ရမည်ဖြစ်သည်။ ကြည့်ရသလောက်
ဤလူနှစ်ယောက်က ရပ်တန့်ဖို့စိတ်ကူးမရှိပေ။

"ရပ်စမ်း! ဒီထက်ထပ်တိုးလာရင်ငါ့အဆိုးမဆိုနဲ့!"

ရုတ်တရက်၊ သာမန်အစောင့်တစ်ယောက်၏
အရှိန်အဝါက ထိုနှစ်ယောက်ထံပွင့်ထွက်လာပြီး
တစ်ချိန်တည်းမှာ လှမ်းအော်လိုက်၏။
သူ့အသံက ရပ်ကြည့်နေသူများ၏အာရုံကို
တခဏချင်းဆွဲဆောင်သွားသည်။

လူအုပ်ကြီးကလည်း ကြွက်စီကြွက်စီ
ဖြစ်လာတော့သည်။

စိတ်လှုပ်ရှားစရာပဲဟေ့! အကြာကြီးစောင့်ခဲ့ရတဲ့
နောက်ဆုံးမှာတော့ နောက်ထပ်နှစ်ယောက်
ထပ်ရောက်လာပြန်ပြီလေ!

အင်အားစုကြီးများကချမှတ်သည့် ချုပ်ချယ်မှုများကို
မကျေနပ်သူအနည်းစု ရှိခဲ့ပြီး ပထမ
ရက်အနည်းငယ်မှာ ထကြွသောင်းကျန်းခဲ့ကြသည်၊
သို့သော် သူတို့အားလုံး ဖိနှိပ်ခံခဲ့ရသည်။
နောက်ပိုင်းမှာ ရှေ့မှရပ်တည်ဖို့ဆန္ဒရှိသူ
သိသိသာသာလျော့ကျသွားပြီး ယခုအချိန်ထိတိုင်
သူတို့လုပ်ဝံ့သည်မှာ စောဒကတက်ခြင်းသာ
ရှိသည်။

နတ်ဒေဝါအဆင့်သိုင်းပညာရှင်သုံးဦးကလည်း
အခြေအနေကိုသတိထားမိလေသည်၊ သို့သော်
မောက်မာစွာဖြင့် တစ်ချက်သာလှမ်းကြည့်၏။
သူတို့က မတူညီသည့်အင်အားစုများမှဖြစ်ပြီး
၎င်းက လွန်ခဲ့သောနှစ်လအတွင်းမှာ
ဖြစ်လေ့ဖြစ်ထရှိသည့်အရာမျိုးဖြစ်ရာ
သူတို့က အာရုံမထားကြတော့ပေ။
တစ်ချက်ကြည့်ပြီးနောက်မှာ အဖက်မလုပ်တော့ဘဲ
အကြည့်ပြန်လွှဲသွားကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Waar verhalen tot leven komen. Ontdek het nu