သူတို့က အတွင်းဘက်ထိအနက်ကြီးမသွားဘဲ
အစွန်အဖျားမှာတင်ရပ်လိုက်ကြသည်။
နယ်မြေပြောင်းအဆောင်ပြုလုပ်ဖို့အတွက်သာ
လေဟာနယ်စွမ်းအားကို လိုအပ်တာဖြစ်၍
ဘေးပတ်လည်မှစုစည်းလျှင် လုံလောက်ပြီဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာဖြတ်သွားပါက
သေချာပေါက် ထိတ်လန့်အံ့ဩသွားရမှာပင်၊
ဘာလို့ဆို ပျမ်းမျှလူတစ်ယောက်မှာ
၎င်းအနီးသို့သွားရန်မဆိုထားနှင့် ပုန်းချိန်တောင်
ရလိုက်မှာမဟုတ်တာကြောင့်ပင်။

သုံးရက်ကြာပြီးနောက်မှာ လင်းရှောင်က
နယ်မြေပြောင်းအဆောင်တစ်ထပ်လိုက်
ပြုလုပ်ပြီးခဲ့သည်။

အလတ်ဆင့်နယ်မြေပြောင်းအဆောင်လက်ဖွဲ့အတွက်
ကျောက်စိမ်းပြား အခုနှစ်ဆယ်အသုံးပြုခဲ့ပေမဲ့
ဆယ့်လေးခုပဲ အောင်မြင်လေသည်။
အဆင့်နိမ့်အဆောင်လုပ်တာကတော့ သူတို့မှာ
အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် အခုသုံးဆယ်လုံး
အောင်မြင်ခဲ့သည်။

အလတ်ဆင့်နယ်မြေပြောင်းအဆောင်များသည်
အကွာအဝေးပိုများများ ပို့ဆောင်ပေးနိုင်ခြင်းအပြင်
အဆင့်နိမ့်အဆောင်များထက် ပိုပြီးလည်း
တည်ငြိမ်သည်။ ဥပမာ၊ အဆင့်တူကျင့်ကြံသူ
တစ်ယောက်က အဆင့်နိမ့်နယ်မြေပြောင်း
အဆောင်၏ပို့ဆောင်ပေးနေခြင်းကို
နှောင့်ယှက်ရန် သူတို့စွမ်းအား၏ဆယ်ပုံတစ်ပုံ၊
ဆယ်ပုံနှစ်ပုံခန့် အသုံးပြုရန်လိုအပ်သည်။
သို့သော်လည်း အလတ်ဆင့်အဆောင်ဆိုလျှင်တော့
စွမ်းအား ဆယ်ပုံငါးပုံ၊ ဆယ်ပုံခြောက်ပုံခန့်
အသုံးပြုဖို့လိုအပ်လေသည်။ ဒါကြောင့်ပဲ
လင်းရှောင်က အလတ်ဆင့်အဆောင်ဆယ့်လေးခု
ပြုလုပ်ခဲ့တာဖြစ်၏။

ပြီးနောက်မှာတော့ သူတို့နှစ်ယောက်
ထွက်ခွာလာခဲ့ကြတော့သည်။

မြွေပါသားရဲကိုတော့ ယူရှောင်းမိုက
နယ်မြေထဲထည့်ထားလိုက်ပြီဖြစ်သည်။ သူက
သတ္တုစားသားရဲလေးနှင့်ကျန်နှစ်ကောင်ကိုလည်း
နယ်မြေထဲမှာချိုးဖောက်လို့မရသည့်
စည်းမျဉ်းများကို ၎င်းကိုရှင်းပြခိုင်းရန်
နယ်မြေထဲလွှတ်လိုက်သည်။

သူ့အကျင့်အရ ယူရှောင်းမိုက၎င်းကို
ချီချုံးဟုအမည်ပေးခဲ့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now