Arc 5 အပိုင်း {၉၉} (Z+U)

Start from the beginning
                                    

ရှဲဲ့ချီက စိတ်မဝင်စားစွာ ပြန်ဖြေသည်: အိုး။

ယွမ့်ဇျဲ: ...

ယွမ့်ဇျဲ ခဏတာ တိတ်သွားသည်: မင်းငါ့ကို ပြန်စဥ်းစားကြည့်ချင်လား။

ရှဲဲ့ချီ အံ့ဩသွားရသည်။ ထို့နောက် သူ့အတွက် ယွမ့်ဇျဲ ဘာလုပ်ပေးခဲ့သည်ကို သတိရပြီး သူ့နှလုံးသားထဲ နည်းနည်းနွေးသွားရသည်။ ယွမ့်ဇျဲသည် တကယ်ကို အားကိုးရသည့် တွဲဖက်တစ်ယောက်ဖြစ်ပြီး အရေးကြီးသည့်အချိန်တွင် သူ့ကို ချန်ထားခဲ့ ၊ သစ္စာဖောက်သွားခဲ့မည့်သူ မဟုတ်။ သူပြုံးကာ ပြန်ဖြေလိုက်သည်:ကောင်းပြီလေ။

ယွမ့်ဇျဲ: ငါတို့က အချင်းချင်းသိပြီး အတူတူသွားလို့ရတယ်။ မကောင်းဘူးလား။ မင်းက ငါ့ကိုကာကွယ်။ ငါက မင်းကို ဆေးကုပေးမယ်။

ရှဲ့ချီ: ကောင်းပြီ။

ယွမ့်ဇျဲနှင့် စကားပြောပြီးနောက် ရှဲ့ချီ သူ့ဖုန်းအား ပိတ်လိုက်သည့်အချိန်တွင် နောက်ထပ် စာတစ်စောင် ဝင်လာသည်။

ရှယောင်: ရှင် အဲ့ဒီ လိမ္မော်ရောင်ဇာတ်ကားဆီ သွားမယ်လို့ ကြားလို့။

ရှဲ့ချီက ယဥ်ကျေးစွာပင် ပြန်ဖြေသည်: ဘာဖြစ်လို့လဲ။

ရှယောင်: အဲ့ဇာတ်ကားက သရဲကား။ ပြီးတော့ ကျွန်မလည်းသွားလို့ရတယ်။ ကျွန်မသွားချင်ပေမဲ့ App က ကိုယ်ပိုင် ခြုံငုံစကေး အားကောင်းတဲ့ သရုပ်ဆောင်တွေကို အကြံပြုထားလို့။ အဲ့ဒါ ရှင်...ကျွန်မကို စောင့်ရှောက်ပေးမလားလို့။ အရင်ကလည်း ကျွန်မတို့ ကောင်းကောင်းပူးပေါင်းခဲ့ကြတာကိုး။

သူမက တိတ်တဆိတ်နှင့် သူမ အရင်က သူ့ကို ကူညီခဲ့ဖူးသောကြောင့် ဒီတစ်ခါ လိမ္မော်ရောင်အဆင့်နိမ့် ဇာတ်ကားတွင် သူမကို ကူညီပေးရန် မျှော်လင့်သည်ဟု သွယ်ဝိုက်ပြောနေခြင်းဖြစ်သည်။ သူတကယ်လည်း သူမကို အကြွေးတင်နေသည်ဟု ရှဲ့ချီ တွေးလိုက်မိပြီး သိပ်ဂရုမစိုက်ပေ။

သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်: လူဦးရေ ကန့်သတ်ထားတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း​က အဓိကကျပြီး တစ်ခြားအကုန်လုံးက သွားမှတွေ့ရမှာတွေပဲ။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now