Arc 5 အပိုင်း {၉၉} (Z+U)

Start from the beginning
                                    

ချောက်ချားဖွယ်ရာ ဇာတ်ကားတစ်ခုတွင် သရုပ်ဆောင်များသည် အများဆုံး အိုင်တမ်သုံးလုသာလျှင် ယူဆောင်သွားနိုင်ကြသည်။

အိုင်တမ်ကို ကန့်သတ်သည့် စနစ်သည် သရုပ်ဆောင်များ ကိုယ်ပိုင်အရည်အချင်းကို မသုံးဘဲ အိုင်တမ်များကိုသာ အားကိုးပြီး အောင်နိုင်အောင်လုပ်ကြသည့် ဖြစ်စဥ်ကို တားစီးလိုက်နိုင်သည်။ ထိုသည်က အဆင့်နိမ့် ဇာတ်ကားများတွင် အိုင်တမ်များစွာကို စုဆောင်းပြီးနောက် ပိုအဆင့်မြင့်သည့် ဇာတ်ကားများဆီသို့သွားကာ အ​ခြားသူများကို အနိုင်ကျင့်ကြသည့် သရုပ်ဆောင်များကိုလည်း တားနိုင်လိုက်လေသည်။

App ၏ ရည်ရွယ်ချက်မှာ စုတ်ပြတ်သတ်သည့်ဇာတ်ကားများမဟုတ်ဘဲ ကောင်းမွန်သည့်ဇာတ်ကားများကို ထုတ်လုပ်နိုင်မည့် ကြယ်ပွင့်များကို မွေးထုတ်ပေးနိုင်ရန်ဖြစ်လေသည်။ ထို့ကြောင့် တစ်ဖက်လူတွင် အိုင်တမ်များစွာ ရှိနေလျှင်တောင်မှ အများဆုံး အိုင်တမ်သုံးခုသာ ယူလို့ရလေသည်။ ယူလို့ရသည့် အိုင်တမ်အရေအတွက်က အကန့်အသတ်ရှိပါက အိုင်တမ်၏ အရည်အသွေးက အဓိကကျသွားပြီဖြစ်သည်။ သို့သော် အိုင်တမ်များကြားရှိ အရည်အသွေးကွာခြားမှုက ထင်ထားသလောက် မကြီးပေ။ ရှင်းရှင်းပြောရလျှင် အိုင်တမ်များသည် တန်ဆာပစ္စည်းများသာဖြစ်သည်။ သူတို့အား အသုံးပြုပုံမှာ သရုပ်ဆောင်များအပေါ်တွင် မူတည်လေသည်။

ယွမ့်ဇျဲ: ဟုတ်တယ်။ အဲ့ဒါဆို ငါမင်းကို နောက်ထပ် သတိဝင်လာစရာတစ်ခု ပြောဦးမယ်။ အမှတ် ၅,၀၀၀ ကျော်တဲ့ သရုပ်ဆောင်တွေဆီမှာ ကိုယ်ရည်ကိုယ်သွေးရှိလောက်တယ်။

ရှဲ့ချီ: အင်း။

ယွမ့်ဇျဲ: ...ကိုယ်ရည်ကိုယ်သွေးဆိုတာ ဘာလဲလို့ ငါ့ကိုမမေးတော့ဘူးလား။

ရှဲ့ချီ: ငါမမေးရင်တောင် ပြောပြမှာပဲ မဟုတ်ဘူးလား။

ယွမ့်ဇျဲသည် အတော်ကြာအောင် ခဏတိတ်နေပြီးမှ ပြန်ဖြေသည်: မင်းက ရက်စက်ချက်ပဲ။

ထို့နောက် ရှဲ့ချီအား ကိုယ်ရည်ကိုယ်သွေးနှင့် ပက်သက်ပြီး ပြောပြတော့သည်။ နောက်ဆုံးတွင် ယွမ့်ဇျဲက ပြောသည်: ဘယ်သူ့ ကိုယ်ရည်ကိုယ်သွေးက ပိုကောင်းလဲ ကြည့်ကြတာပေါ့။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now