ရှင်း တစ်ခုခုကို အနည်းငယ်ကို သဘောပေါက်
လာကာ ဝိုင်ပုလင်းကိုတစ်ချက်ကြည့်လိုက်မိ
သည်။
"မဟုတ်မှလွဲရော...ဆေးများခက်ထားတာလား"
ထိုစကားကို ရှင်း မပီတပီသာ ပြောလိုက်မိ၏။
လေးပင်နေသော ခြေလှမ်းများဖြင့် တံခါး
အသင့်ဖွင့်ထားသော အခန်းတစ်ခုထဲသို့
ရောက်ရှိသွား၏။
ဒါဟာ ရေချိုးခန်းပဲ...
ရေချိုးခန်းထဲတွင်လည်း အိပ်ခန်းထဲကလိုပင်
ဖယောင်းတိုင်များဖြင့် အလှဆင်ထား၏။ ထို
ရနံ့သည် သူထိန်းချုပ်နေသည့် ရမ္မက်ဆန္ဒကို
လွတ်မြောက်အောင် ကူညီတွန်းအားပေးနေ
သလို။
ရေချိုးကန်ကြွေဇလုံထဲတွင် ကြွေဘောင်ကို
ခေါင်းမှီရင်း ခန္ဓာကိုယ်ကို ရေထဲတွင် နစ်မြှပ်
ထားသော ပုံရိပ်ပိုင်ရှင်ရှိရာသို့ ရှင်း လေးပင်
နေသော ခြေလှမ်းများဖြင့် လှမ်းလာမိ၏။
ရတု နားထဲတွင် တရိပ်ရိပ်ဖြင့်နီးကပ်လာ
သော ခြေလှမ်းတစ်စုံကြောင့် လက်ရမ်း
ဘောင်ကို အားပြုကာ ရေထဲမှ ထ,လိုက်
ပြီး ခေါင်းလေးကို ဖြည်းညင်းစွာလှည့်
လိုက်ချိန်တွင် မျက်နှာချင်ဆိုင်၌ ရပ်နေ
သည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ပုံရိပ်မြင်ကွင်းသည် မထင်ရှားဘဲ ဝိုးတဝါးဖြစ်
နေ၏။ ထိုစဉ် ရုတ်တရက်ပင် ထ်ိုလူက သူရှိရာ
သို့ လျင်မြန်စွာပင် တိုးကပ်လာပြီး သူ့အား
တင်းကြပ်စွာပွေ့ဖတ်၏။
ပွေ့ဖတ်ခြင်းနှင့်အတူ ထိုလူ၏လေးလံလှ
သည့် ခန္ဓာကိုယ်သည် သူ့ပေါ်သို့ ယိုင်ကျလာ
ခြင်းကြောင့် ရတု ကိုယ်ရှိန်ပျက်ကာ နှစ်ဦး
သားသည် ဖတ်တွယ်လျက်ပင် ရေချိုးကြွေ
ကန်ထဲသို့ တဖန်ပြုတ်ကျသွား၏။
"နှင်းရယ်...မင်း ပြန်လာပြီပဲ..."
ရှင်းနှင့်ရတု တို့ တစ်ကိုယ်လုံးသည် ရေတွေ
ရွှဲရွှဲနစ်နေကြ၏။ ရှင်းက ရတု မျက်နှာလေး
ကို ရီဝေနေသော မျက်ဝန်းများဖြင့် အနီးကပ်
ကြည့်၏။
"လှလိုက်တာ..နှင်းက ဒီနေ့မှပိုပြီးလှနေသလို
ပဲ..."
ဖတ်တွယ်ထားသည့် ရှင်း၏ လက်ကိုလည်း
ရတု ဖယ်ခွာရန် သတိမရ။ အဝတ်အစားလွတ်
နေသည့် ခန္ဓာကိုယ်နှစ်ခုသည် နီးကပ်စွာရှိရာ
ချိန်တွင် နှစ်ဦးသားလုံး၏ ရင်ခုန်သံတို့သည်
မြန်ဆန်လာသလို အသံရှုသံများကလည်း
ပြင်းရှလာ၏။
YOU ARE READING
𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်
Romanceအချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကိုမုန်း တယ်လို့တတွတ်တွတ်ပြောနေရင်းနဲ့မှကို ချစ်သွား တာမျိုးပေါ့..မာနတရားနဲ့ နှလုံးသား လွန်ဆွဲချိန် အနာကျင်ရဆုံးကတော့ ချစ်မိသူရဲ့ အရှုံးခံနှလုံး သားတစ်စုံပါ....🌿 အချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကို မုန်းတယ်လို့တတွတ်တွတ်ပ...
Chapter-2{အကြွေပန်း}{Uni} Age Warning ⚠️
Start from the beginning
