အပေါ်တွင်ထပ်ဝတ်ထားသည့် ရှပ်အကျႋ
အနက်ရောင်လက်တို၏ ကြယ်သီးများအား
တစ်လုံးချင်းဖြုတ်နေသော်လည်း တုန်ရင်
နေသောလက်ကြောင့် ကြယ်သီးသည် မပြုတ်
နိုင်ချေ။
ရတု စိတ်မရှည်တော့ဘဲ အားနှင့်တစ်ကြိမ်
ဆွဲဆောင့်လိုက်ကာ ကြယ်သီးများအားလုံး
ပြုတ်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်၏။
အကျႋကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး
ရေချိုးကန်ထဲသို့ဝင်လိုက်၏။ အေးမြသည့်
အပြင် နှင်းဆီရနံ့သင်းနေသည့် ရေနှင့်ထိတွေ့
လိုက်ရချိန်တွင် သူ့ကိုယ်တွင် ခံစားနေရသည့်
အပူတစ်ချို့အနည်းငယ်သက်သာသွားသလို
ခံစားလာရ၏။ မျက်ဝန်းလေးကို မှိတ်ချလိုက်
ကာ တစ်စတစ်စဖြင့် အထိန်းအကွပ်မဲ့ချင်လာ
သော စိတ်ကို ကြိုးစားထိန်းချုပ်နေရင်း
တစ်ဖက်တွင်တော့...........၊
-
-
-
နားထဲတွင် ဖန်ခွက်ကွဲသံစူးခနဲကြားလိုက်
ရပြီး ရှင်း ဖျက်ခနဲနိုးလာ၏။ အခန်းထဲတွင်
မီးအလင်းရောင်သိပ်မရှိသော်လည်း နှာခေါင်း
ဝ အတွင်းသို့ တိုးဝင်လာသည့် ခပ်သင်းသင်း
ရနံ့တစ်ခုနှင့်အတူ ဝိုင်ရနံ့လေးကို ရလိုက်ချိန်
တွင် ရှင်း အကြောင်းပြချက်မရှိဘဲ ပြုံးလိုက်မိ၏။
"နှင်းရယ်..ကိုယ့်မွေးနေ့မှာ ကိုယ်နဲ့အတူ
ဖြတ်သန်းမယ်လို့ ကတိပေးထားပြီးတော့
ဘာလို့ ကိုယ့်ကို တစ်ယောက်ထဲထားခဲ့ရတာ
လဲ"
တစ်ယောက်ထဲ တိုးတိတ်စွာ ညည်းညူနေ
သော စကားသံကို ရေချိုးကန်ထဲရှိ ရတု
တစ်ယောက်ကြားနိုင်ခြင်းမရှိခဲ့ပါချေ။
ရှင်း အိပ်ရာပေါ်မှ ထ,လိုက်ပြီး ဘေးရှိစားပွဲခုံ
ပေါ်တွင် တင်ထားသော ဝိုင်ပုလင်းကိုတွေ့သွား
ချိန်တွင် ဆွဲယူလိုက်ကာ မော့သောက်ချလိုက်
၏။ သူ့၏ ခြေရင်းတွင် ရှိနေသည့် အနက်ရောင်
ဂျာကင်တစ်ထည်ကိုတွေ့လိုက်ရသည်။
"ဘယ်သူ့ဟာကြီးတုန်း.."
မျက်လုံးကိုမပွင့်တစ်ပွင့်ဖွင့်ထားရင်း ဂျာကင်
ကို ကောက်ကာ အဝေးကို လွှင့်ထုတ်ပစ်လိုက်
၏။ ဝိုင်သည် ယနေ့တွင် အနည်းငယ်အရသာ
ခါးသက်နေသော်လည်း သူအများအပြားကို
ပင် သောက်လိုက်မိ၏။ တစ်အောင့်ကြာတွင်
သူ့ခန္ဓာကိုယ်သည် တစ်စုံတစ်ရာကို လိုချင်
တောင့်တ တပ်မက်နေသလို တရှိန်းရှိန်းဖြင့်
ပူလောင်လာ၏။
YOU ARE READING
𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်
Romanceအချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကိုမုန်း တယ်လို့တတွတ်တွတ်ပြောနေရင်းနဲ့မှကို ချစ်သွား တာမျိုးပေါ့..မာနတရားနဲ့ နှလုံးသား လွန်ဆွဲချိန် အနာကျင်ရဆုံးကတော့ ချစ်မိသူရဲ့ အရှုံးခံနှလုံး သားတစ်စုံပါ....🌿 အချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကို မုန်းတယ်လို့တတွတ်တွတ်ပ...
Chapter-2{အကြွေပန်း}{Uni} Age Warning ⚠️
Start from the beginning
