"ဒီကိုယ်တော်က မင်းနဲ့စာချုပ်ချုပ်ချင်တာမှ
မဟုတ်တာ၊ ဒီကိုယ်တော့် သဘောထားက
ဘယ်လိုပဲနေနေ မင်းနဲ့ဘာဆိုင်လို့လဲ"

မြွေပါသားရဲက မောက်မာဝင့်ကြွားစွာ
ပြန်ဖြေလိုက်၏။

"ငါနဲ့ဆိုင်တာပေါ့" လင်းရှောင်က မျက်လုံးမှေး
လိုက်သည်။

မြွေပါသားရဲ၏အမူအယာက မပြောင်းမလဲ
ဆက်ရှိနေပြီး မယုံကြည်တာထင်ရှားသည်။

"ဒါဖြင့် ဆက်ပြောပါဦး၊ မင်းနဲ့ဘာဆိုင်လို့လဲ"

လင်းရှောင်က ရွှင်မြူးနေသည့်အသံဖြင့်
ပြန်ဖြေလိုက်လေသည်။

"သူနဲ့စာချုပ်ချုပ်ချင်တဲ့ ဘယ်သားရဲမဆို
ငါ့ဆီက ခွင့်ပြုချက်ရမှရမယ်။ ဘာလို့လဲဆိုတော့...
ရှင်းပါတယ်... သူက ငါ့အပိုင်မလို့လေ"

"ငါ့အပိုင်?" မြွေပါသားရဲ ကြောင်အသွားတော့၏။

သူတွေးမိတဲ့ဟာများလား။

"မင်း..."

လင်းရှောင်က လက်ပိုက်လိုက်သည်။

"မင်း သူ့ရဲ့နတ်ဆိုးသားရဲဖြစ်ချင်တယ်ဆို...
ရတာပေါ့၊ ဒါပေမဲ့ အရင်ဆုံး ငါ့ကိုပြော၊
မင်းမှာ အသုံးဝင်တဲ့နေရာဘယ်နေရာရှိလဲ"

မြွေပါသားရဲမှာ မည်ကဲ့သို့တုံ့ပြန်ရမည်မှန်း
လုံးဝမသိတော့ချေ။ တစ်ဖက်လူက 'အသုံးကျတဲ့
နေရာ' ဟု ပွင့်ပွင့်လင်းလင်းသုံးနှုန်းခြင်းက သူ့ကို
ကြောင်အစေသည်။ တစ်ခဏလောက်ထိ သူ့မှာ
ဆွံ့အနေ၏။

"ငါက စိတ်သိပ်မရှည်တတ်ဘူးနော်"
လင်းရှောင်က အသာပြောလိုက်သည်။

မြွေပါသားရဲသည် အသိပြန်ဝင်လာ၏။ တစ်ချို့သော
အရာများအတွက်က အမှန်ဟုတ်ဟုတ်မဟုတ်ဟုတ်
ယုံကြည်လိုက်တာ ပိုကောင်းသည်။ ဤကျွန်းက
အတော်လေး ခေါင်တာကြောင့် သူပြောဆို
ဆက်ဆံဖူးသည့် လူ၊ သားရဲအရေအတွက်မှာ
အကန့်အသတ်ရှိရာ ဒါက တော်တော်လေး
ဖြစ်နိုင်ခြေမရှိသလို ဖြစ်နေသည်။ ယောက်ျား
တစ်ယောက်နဲ့ အခြားယောက်ျားတစ်ယောက်
အတူတူရှိတာမျိုးကို သူကြားတောင်မကြားဖူးပေ။

သို့ပေမဲ့ သူ မယုံဘဲနေလို့မရပေ၊ မဟုတ်လို့
အကယ်၍များ ဒါကအမှန်ဖြစ်နေခဲ့ရင်
သူ့သခင်ရဲ့နောက်တစ်ခြမ်းကို အပြစ်ပြုမိသလို
ဖြစ်သွားပြီမဟုတ်ပေဘူးလား။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now