အပိုင်း (၂၇) : ယုံကြည်မှု

Start from the beginning
                                    

ဒဂ်ါးပြား ကျွန်တော့်လက်ထဲ မရှိ​တာကိုလည်း သိသွားပြီ။ မောင်နှင့်ကျွန်တော့်ရဲ့ ဆက်နွယ်မှုကိုလည်း သိသွားကြလေပြီ...။ အခုတော့ဖြင့် ကျွန်တော်က အိမ်အပြင်သို့ မထွက်ရဲတော့....။ အပြောအဆို အတင်းအဖျင်းများအကြား မောင်လုပ်ထားသည့် ဒဏ်ရာက ပျောက်ကင်းစ,မို့ ဘယ်နေရာမှ မသွားခဲ့...။

နဂိုတုန်းက အလှဂုဏ်ကြောင့် ဘယ်နေရာသွားသွား မျက်နှာပန်းပွင့်ခဲ့သည့် ကျွန်တော်က အခုတော့ဖြင့်.... ။

တစ်ဖက်က ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ချစ်သူ၊
တစ်ဖက်က ကိုယ်ငယ်ငယ်လေးကတည်းက အရိပ်ငယ်လေးနှင့် ဓလေ့ ထုံးစံများ...။အများအပြောများ၊ နားလည်မှု လွဲနေတဲ့ ချစ်ရသော၏ အမုန်းများ၊ ချစ်ရသော ရွာကလေးမှ အဘအပါအဝင် မိသားစု၊ ပတ်ဝန်းကျင်၏ ငြိုငြင်မှုများ....။

"ဟုတ်တယ်... ကျွန်တော် ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ရင် ဒီပြဿနာတွေ အားလုံး ပြီးဆုံးသွားမှာပါ...။"

မောင်ထွက်သွားသည့် ရက်များအတွင်း အိပ်မပျော်၍ အိပ်ဆေးဆောင်ထားခဲ့ရမှ ထိုအိပ်ဆေးဗူးကို ယူလိုက်ပြီး ဒီဘဝ ဒီမျှနဲ့ပဲ အဆုံးသတ်ဖို့....။

အဖန်ငါးရာ ငါးကမ္ဘာဆိုတာကို ကျွန်တော်သိသည်။ လူတွေက မသိလိုက်လို့ လုပ်တာက ကိစ္စမရှိပေမယ့် သိရက်နဲ့ လွန်ကျူးမိစဥ်မှာတော့ သိပ်ကို မိုက်မဲကျမှန်း ကျွန်တော်လက်တွေ့ သိခဲ့ရသည်။

ဆေးဗူးထဲမှ ဆေးအကုန်လုံး ဗူးအပြင်သို့ လှုပ်ခါသွန်လိုက်ရင်းမှ မျက်လုံးမှိတ်ကာ ပါးစပ်ထဲသို့ အကုန်သွတ်သွင်းလိုက်သည်....။ ထို့နောက် ခေတ္တမျှ ငြိမ်သက်ပြီး အကုန်လုံးကို မြိုချပြီးမည် ကြံသည်....။

"ဥ,... ဥဒေါင်းပျို... မင်း... မင်း ဘာလုပ်တာလဲ? အခု ပြဿနာက ဒီလိုရှင်းလို့ မရမှန်းလည်း သိရက်သားနဲ့....။ တောက်!ပါးစပ်ထဲက ဟာတွေ အကုန်ပြန်ထုတ်...."

မိမိမှာ ကိုယ့်ရုပ်နှင့်ခန္ဓာလွင့်ပြယ်သွားပြီး တကယ့်ငြိမ်းအေးမှု၏ အစစ်အမှန်ကို လက်ခံဖို့ ကြိုးစားနေတုန်းရှိသေးသည်... အဘက ကျွန်တော့်ပါးစပ်ထဲမှ အရာကို ဇွတ်အတင်း လာထုတ်သည်။ အဘက အတင်းစိုးရိမ်ပြီး ဆေးပြားအားလုံးကို ထွက်အောင် လုပ်ပြီးသည့် အချိန်မှာတော့ အဘ မျက်နှာကို မကြည့်ရဲဘဲ မျက်ရည်တစ်ချို့သာ ကျနေမိသည်....။

မယားတောသူ(complete)Where stories live. Discover now