"ကောင်လေး ငါ့ရဲ့ဝံပုလွေအစွယ်သတ္တုတူကြီးကို
စားကြည့်လိုက်စမ်းပါ!"

မြွေပါသားရဲက ဒေါသတကြီးအော်ဟစ်သည်။

သူ့လက်ထဲရှိ သတ္တုတူကြီးက လေထဲမှာ
တစ်ပတ်ဝှေ့ယမ်းသွားပြီး သူ့ဆီကို ခုန်အုပ်လာနေ
သည့် သတ္တုစားသားရဲလေးဆီ တိုးဝင်သွားသည်။
ရွှေရောင်အလင်းတစ်ချက် တောက်ပသွားပြီး
တူကြီးက ပစ်မှတ်ကို လွဲချော်ကာ သဲထဲနစ်ဝင်သွား
သည်။ သက်ရောက်မှုကြောင့် ကျယ်လောင်လှသော
အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး
သုံးမီတာမနည်း နက်သည့် တွင်းကြီးတစ်တွင်း
ရုတ်ခြည်းပေါ်လာသည်။

သတ္တုတူက မြွေပါသားရဲ၏လက်နက်ဖြစ်ပြီး
၎င်းကို မာကြောသည့်သတ္တုများစွာကို
ပေါင်းစပ်ပြုလုပ်ထားသည်။ တူက
ကီလိုဂရမ် ၅၀၀ ခန့်အလေးချိန်ရှိသည်။
တစ်ချက် ထုခံမိလျှင် ချက်ချင်းမသေရင်တောင်
အုံနာကျိုးကန်းတော့ ဖြစ်သွားဦးမည်ပင်။
တစ်ခါက ကျွန်းလေးကို လုယူသိမ်းပိုက်ချင်ခဲ့
သည့်နတ်ဆိုးသားရဲများကို မြွေပါသားရဲက
၎င်းတူဖြင့် သေအောင်ထုသတ်ခဲ့ဖူး၍ သူက
သိပ်ကိုယုံကြည်ချက်ရှိသည်။

တိုက်ခိုက်မှုက လွဲသွားကြောင်း မြင်သည်နှင့်
မြွေပါသားရဲက ရုတ်တရက်လှောင်ရယ်လိုက်သည်။
သူ့လက်မောင်းအားက ကီလိုဂရမ် ၅၀၀ထက်
ပိုသောကြောင့် သူက တူကြီးကို အလွယ်တကူ
ပင့်မကာ ရွှေရောင်အရိပ်ဆီသို့ လွှဲချလိုက်သည်။
ရွှေရောင်အရိပ်က အနည်းငယ် ကိုယ်ကို
နှိမ့်ရှောင်လိုက်ရာ ရိုက်ချက်က သီသီလေး
ကပ်လွဲသွားပုံရသည်။ သို့သော်လည်း
ရိုက်မိလိုက်ကြောင်း မြွေပါသားရဲ သိသည်။

သတ္တုစားသားရဲလေးက လေထဲမှာ အကြိမ်များစွာ
လှည့်ပတ်ပြီး ဆယ်မီတာကျော်ဝေးသည့်
မြေပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။
၎င်းက မြေကြီးပေါ်မှာ ဝံပုလွေတစ်ကောင်ကဲ့သို့
ဝပ်သွားသွားရင်း ၎င်း၏အပြာရောင်မျက်လုံးများ
ထဲမှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ချက်
လက်သွားသည်။

မြွေပါသားရဲက သူ့ကို အသက်ရှူခွင့်မပေး၊
သို့ပေမဲ့ ၎င်းက သတ္တုစားသားရဲလေးဆီကို
တစ်လှမ်းချင်းသာ ချဉ်းကပ်လာသည်။ သူ့လက်ထဲရှိ
သတ္တုတူကြီးက မြေပြင်ကို တဒုတ်ဒုတ်ဖြင့်
ရိုက်မိနေသည်။ မကြာမီမှာပဲ မြေကြီးပေါ်မှာ
အပေါက်နှစ်ဆယ်ကျော် ပေါ်လာပြီး
လ၏မျက်နှာပြင်နဲ့တောင် တူနေတော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now