အပိုင်း (၂၃) : မွန်းကြပ်မှု

Start from the beginning
                                    

"အဘ အိမ်ထဲမှာ ရှိပါတယ် ကိုစံဦးထိုက်... "

"သြော... ဟုတ်လား?? အကို ခဏလောက် သွားဦးမယ်နော်..."

ကျွန်တော်လည်း စိတ်မပါ တပါနဲ့ပင် ခေါင်းကို မြန်မြန်ညိမ့်ပြလိုက်တော့ ကျွန်တော့်အနားမှ သူုက ထွက်သွားသည်...။ ကျွန်တော်လည်း တွေးလက်စ အတွေးများကိုသာ ပြန်လည်ပျိုးထောင်လိုက်သည်....။

ခဏအကြာမှာတော့ ကိုစံဦးထိုက် အိမ်ထဲမှ ထွက်လာပြီး အဘကို နူတ်ဆက်လိုက်သည့် အသံကို ကြားလေတော့ ချက်ချင်း ဆေးနေသည့် ပန်းကန်များကို ယူပြီး မီးဖိုအခန်းထဲ ဝင်ဖို့ ပြင်မိသည်....။ ထိုစဥ်မှာပင် ကျွန်တော့်အနားသို့ အလောတကြီး ရောက်လာသည့် သူ....။

"ဥဒေါင်းလေး... ဥဒေါင်းလေး ခဏ... ခဏနေဦး..."

နောက်ကျောဘက်မှ အလောတကြီး ခေါ်သံကြောင့် ကျွန်တော်လည်း မကြားချင်ယောင်ဆောင်ပြီး ထွက်သွားရင်လည်း ရိုင်းတာမို့....။

"ဟုတ်ကဲ့...."

ကျွန်တော့်အနားသို့ ရောက်လာသော သူ့ကို စကားတစ်ခွန်းနဲ့ပင် လက်ခံလိုက်မိသည်...။ သူကတော့ ကျွန်တော့်အနား စိုးရိမ်တကြီးနဲ့ပင်...။

"ဥဒေါင်းလေး... အရင်တစ်ခါ ဒဂ်ါးကိစ္စက အခုထက်ထိ မပြေလည်သေးဘူးလား??"

သူ့ဆီမှ ဒီလေသံထွက်လေတော့ သေချာသည်... အဘက သူ့ကို ဒဂ်ါးနှင့်ပတ်သတ်ပြီး စကားစ,လိုက်သည် ထင်သည်....။ ကျွန်တော်လည်း သက်ပြင်းကို ချကာ... သူ့ကို အနည်းငယ် မော့ကြည့်လိုက်ပြီး....။

"ဟုတ်တယ်... မပြေလည်သေးဘူး... ကိုစံဦးထိုက်..."

"ဒဂ်ါးက တကယ်ကြီး ပျောက်နေတာလား?? ဒါနဲ့ မြို့က ဋီကာဆိုတဲ့ကလေးကရော ဘာမှမသိဘူးလား??"

"ဟုတ်တယ်... အဘက အဲ့ဒီကိစ္စကို မေးလာတယ်...။ သီတင်းကျွတ်ပွဲတွေက စ,တော့မှာ... ကိုစံဦးထိုက်... ။ အခုချိန် မမကလည်း နိုင်ငံရပ်ခြား ရောက်နေလို့...။ နောက်ပြီး ဋီကာကလည်း မြို့ကို ခဏ ရောက်နေတာ... ဘယ်သူ့ကို သွားပြောရမှန်းမသိတော့ဘူး...."

မယားတောသူ(complete)Where stories live. Discover now