အပိုင်း (၂၂) : သံသယ

Start from the beginning
                                    

"........."

ကျွန်မလည်း အဖေ့စကားကို ပြုံး၍ပင် တုံ့ပြန်လိုက်ပြီး ခပ်လှမ်းလှမ်းမှ ဥ,နှင့် ဋီကာကို ကြည့်နေမိသည်။ ခဏအကြာမှာတော့ အဘက ထိုင်ရာမှ ထ,ကာ...။

"သုံးနှစ် သုံးမိုးဆိုတာ ကျွန်သဘောမျိုး ထားခဲ့တာပါ...။ အခုက သုံးနှစ်သုံးမိုး ပိုးဖို့များ ငါကိုယ်တိုင် အိမ်ပေါ် ခေါ်တင်မိတာမျိုးလား??"

"ကဲပါ အဘရယ်... ဥ,ကို ခဏလောက်တော့ လွတ်ထားပေးလိုက်ပါ...။ ဒါနဲ့ သမီးမနေ့က ခွင့်တောင်းထားတာလေ... ။ Oversea ခရီးစဥ်ဆိုတာလေ အဘ...."

"သြော် အလုပ်က မောင်လက်ာချိုးနဲ့အတူ လွတ်ထားတာလား??"

"ဟုတ်တယ် အဘ... အဲ့ဒါလေး.... သမီး မနက်ဖြန် အစောဆုံးကားလက်မှတ်ဖြတ်ပြီး ကိုလက်ာဆီ အရောက်သွားရမှာမို့ပါ အဖေ...။ ဟိုကမှ တစ်ဆင့် Flight နဲ့ ဟိုမှာ Hotel booking အပိုင်းကို တစ်ချက်ပြန်စီစဥ်ရမှာဆိုတော့.... ရက်အကန့်အသတ်လည်း ရှိနေတယ်... အဖေ..."

"ကဲပါ... ရှည်လျားထွေးပြား လျှောက်တင်မနေနဲ့...။ အဘ သိပါတယ်...။ အဲ့ဒါဆို ဒီနေ့ ညနေပဲ လုပ်လိုက်တော့လေ...။ ဟုတ်ပြီလား?  လိုအပ်တာတွေ အကုန်လုံး မမေ့စေနဲ့...။"

"ဟုတ်ကဲ့ အဘ....။"

အဘကတော့ ဥ,နှင့် ဋီကာကို တစ်ချက်ကြည့်လိုက်ပြီး ဥပုတ်သီလ ယူဖို့ သွားပြီး ပြင်ဆင်နေသည်....။ ကျွန်မလည်း ခရီးစဥ်အတွက် ပြင်ဆင်စရာလေး ရှိသည်မို့ အခန်းထဲ ဝင်လာမိတော့သည်....။

ဘဝမှာ...အရေးကြီးဆုံးသော...

"အပျိုလေး... ဒါက ဒီနေ့အတွက် တစ်ထောင် စုဖို့ လာပေးတါ...။ အပျိုလေး မုန့်စားဦးမလား??"

ကျွန်တော်ပေးသည့် ပိုက်ဆံတစ်ထောင်လေးကို ဥ,က တစ်ချက်ပြုံး၍ ယူလိုက်ပြီး သူ့အိပ်ကပ်ထဲသို့ ထည့်သည်...။ ထို့နောက် ကျွန်တော့်ရှေ့သို့ ဥ,လက်ဝါးလေး ဖြန့်လာပြီး....။

"ဟီး... နေ့လည်ဘက် ဘူးသီးကြော် စားချင်လို့..."

ကျွန်တော့်ကို မျက်နှာချိုသွေးပြီး ပန်းကန်ဆေးပြီးကာစမို့ ရေစက်လက်ဖြင့် ဖြစ်နေသော လက်ဝါးလေးက ကျွန်တော့်ရှေ့ဖြန့်လာသည်မို့... ကျွန်တော်လည်း တစ်ချက်ပြုံးလိုက်ပြီး အပျိုလေးလက်ကလေးကို ကျွန်တော့်လက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်....။

မယားတောသူ(complete)Where stories live. Discover now