အပိုင်း (၂၁) : မေတ္တာသည်သာ...

Start from the beginning
                                    

ထို့နောက် အေးအေးလူလူနဲ့ပင် ဘုရားရှိခိုးနေသော အပျိုလေးကို တစ်ချက်ကြည့်မိလိုက်ပြီး အစောနက ထင့်နေသော အတွေးအားလုံးကို ဖယ်ထုတ်လိုက်မိသည်....။ မိမိကာကွယ်ရမည့်သူ တစ်ယောက်လုံးက ကိုယ့်ရှေ့မှာရှိနေပြီးသားပဲ မဟုတ်ပါလား??

အတော်လေး ရှည်လျားစွာ ရွတ်ဖတ်သံများ၊ အမျှဝေသံ၊ ဆုတောင်းသံများ အဆုံးမှာတော့ အပျိုလေးက ဦးသုံးကြိမ် ခြေလက်နဖူးတံတောင်ဒူး ထိခြင်းငါးဖြာနှင့်အတူ ရှိခိုးပြီးသည့် နောက်မှာတော့ နံဘေးက ကျွန်တော့်ဆီသို့ အကြည့်ရောက်လာသည်...။

"ဟမ်?? မောင်က သွားမအိပ်သေးဘူးလား??"

"အပျိုလေးကို စောင့်နေတာလေ..."

"ဟမ်??"

အပျိုလေးကတော့ ကျွန်တော့်စကားကို နားမလည်သလို ပြန်မေးလေတော့ ကျွန်တော်လည်း အရိုးခံ ပကတိနှယ် ဖြူစင်သည့် ကျွန်တော့်အိမ်သား အလောင်းအလျာကို ကြည့်လိုက်မိသည်...။ အပျိုလေးကတော့ ဘုရားဆောင်ပေါ်မှ ရေချမ်း၊ ဆီမီး၊ ညောင်ရေအိုးမှ ပန်းတစ်ချို့ကို သေချာပင် သန့်ရှင်းရေးလုပ်နေသည်....။ ထို့နောက် သူ့လက်မှ ဘုရားစာအုပ်ကို ကျောင်းဆောင်ဘေးနားသို့ သေချာသိမ်းဆည်းထားပြီးနောက်မှာတော့ ကျွန်တော့်ဘက်သို့ လှည့်လာသည်....။

"တင်းကုပ်ပြန်ဖို့ အဆင်မပြေရင် ဒီဘုရားခန်းထဲမှာပဲ အိပ်လိုက်လေ...။"

".... ဘုရားခန်း... အခုတောင် ဒီမှာ လေနီကြမ်း တိုက်ပြီး ချမ်းနေတာလေ...။ အဆင်ပြေပါ့မလား??"

"တင်းကုပ်ထက်စာရင်တော့ အချမ်းသက်သာတယ်မလား??..."

အပျိုလေးက ဘုရားဆောင်ကို သေချာသန့်ရှင်းရေး လုပ်ပြီး နောက်မှာတော့ သူ့အခန်းထဲသို့ ဝင်သွားသည်...။ ခဏအကြာမှာတော့ အညာဖျင်ကြမ်းစောင်နှစ်ထည်၊ ခေါင်းအုံးတစ်လုံးကို ထပ်ပြီး ယူလာသည်...။ ကျွန်တော့်မှာတော့ အပျိုလေး ကျွန်တော့်အနားသို့ အိပ်ရန် စောင်များ ထုတ်လိုက်သည်ဟု စိတ်ထဲ တွေးပြီး ပျော်မိလိုက်သော်ငြား တကယ်တော့ဖြင့်....။

မယားတောသူ(complete)Where stories live. Discover now