ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္

Start from the beginning
                                    

ရနံ့က ပင်လယ်ဘက် ရွေ့လျားသွားချိန်
လေတစ်ချက်ဝှေ့သွားပြီး ကျွန်းကလေးဆီ
ပြန်ရောက်လာလေသည်။

ထိုနေ့မှစ၍ လင်းရှောင်သည် ကျောက်ဟွားကျီအား
စွဲလမ်းသွားတော့၏။

နေ့စဉ်နေ့တိုင်း တရားထိုင်ပြီးတိုင်း စားပွဲမှာထိုင်ကာ
ကျောက်ဟွားကျီကို တစ်နပ်မှမလွတ်အောင်
စောင့်လေသည်။ ယူရှောင်းမိုမှာလည်း
နေ့တိုင်း တောအုပ်ထဲမှ ကြက်ဆင်များသွားဖမ်းရ
တော့သည်၊ အဆုံးတွင် ကြက်ဆင်အရေအတွက်
လျော့ကျသွားရုံသာမက ရှာမတွေ့တာတောင်
အချိန်တစ်ခုရှိလေပြီ။ ၎င်းတို့က အာရုံခံစားနိုင်သည့်
သတ္တဝါမျိုးမဟုတ်လျှင်တောင် အဆင့်နိမ့်
နတ်ဆိုးသားရဲများမှာ အန္တရာယ်ကို အာရုံခံနိုင်စွမ်း
ရှိကြပြီး အလိုလိုရှောင်ရှားနိုင်ကြသည်။

နောက်ဆုံးတော့ ယူရှောင်းမိုမှာ ဗျူဟာပြောင်း
ရတော့သည်။ နေ့တိုင်း အချိန်တစ်ခုပေး၍
ကြက်ဆင်များအား အမဲလိုက်ခြင်းမပြုတော့ဘဲ
တစ်ခါတည်း များများဖမ်းထားလိုက်သည်။
နောင်မှာ လင်းရှောင် ကျောက်ဟွားကျီ
စားနိုင်အောင် အထီးအမစုံတွဲနည်းနည်းကိုဖမ်းပြီး
သူ့နယ်မြေထဲ ထည့်ထားလိုက်သည်။
သူ့မှော်ဆေးပင်လေးတွေကို တက်နင်းသွားမှာလည်း
ကြောက်ရ၍ ခြံစည်းရိုးမြင့်မြင့်ကာရန်
သစ်ထပ်ခုတ်ခဲ့ရသည်။

သို့သော်လည်း ကြက်ဆိုရင်တောင် ချက်ချင်း
ဥဥတာမဟုတ်ဘူးလေ။ ယူရှောင်းမို အနီးနားက
ကြက်ဆင်တွေကုန်အောင် အမဲလိုက်ပြီးခါမှ
ဒါမကောင်းမှန်း သဘောပေါက်သည်။

တစ်ရက်၊ သူ ကြက်ဆင်ဖမ်းဖို့ တောအုပ်ထဲ
သွားခဲ့သည်၊ သို့ပေမဲ့ တစ်ကောင်တစ်လေတောင်
မတွေ့ခဲ့ရဘဲ ထိုသို့ဖြစ်တာ ရက်များဆက်လာခဲ့
သည်။ သူထင်ထားသလိုပင် ၊ သူတို့ကြောင့်
ဒီနေရာမှ အစာကွင်းဆက် ပြောင်းလဲသွား
တော့မည့်ပုံပင်။

လင်းရှောင်က တစ်ခွန်းမှမပြောသော်ငြား
ကျောက်ဟွားကျီ မစားရတာ လေးငါးရက်
ဆက်တိုက်ရှိပြီဖြစ်ပြီး နေ့တိုင်း သူက တိတ်ဆိတ်စွာ
ထွက်လာပြီးလျှင် တိတ်ဆိတ်စွာပဲ ပြန်ဝင်သွား၏။
ဒါက ယူ​​ရှောင်းမိုအတွက် အပြစ်ရှိသလိုခံစားဖို့
မလိုပေမဲ့ သူ့မှာ​ အဲ့ဒီလိုခံစားရဆဲဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now