အပိုင်း (၁၉) : မြတ်နိုးမှု

Start from the beginning
                                    

"ကဲပါ... အဲ့ဒီဘက် ခဏသွားလိုက်လေ...။ မေကြီးပဲ ရှိတယ်...။ အဘ မရှိဘူး.... ရွာလယ်က ဒေါ်ထွေးတင် တို့အိမ် မျိုးစေ့ သွားကြည့်တယ်..."

"ဖြစ်ပါ့မလား မမရယ်...။ အဘရောက်လာရင် သူ အိပ်နေတာကို နိူးပြီး ဇွတ်အတင်း ခိုင်းနေပါဦးမယ်..."

"ကဲပါ ခိုးသွားပါတယ်ဆိုမှ မသိအောင် လုပ်တာ...။ အခု မိုးက တဖြောက်ဖြောက်နဲ့ နေမကောင်းဖြစ်နေမယ်...။ ဆေးကြိုပြီး တိုက်ဖို့ ယူသွားဦး..."

"ဟုတ် မမ...။ ဒါဆို သား ခဏ သွားလိုက်မယ်နော်...။ အဘ အခြေအနေ ကြည့်ထားပေးနော်.."

"ကဲပါ... မမ တာဝန်ထား...။ မောင်လေးသာ ဋီကာ့ဆီ သွားလိုက်နော်..."

ထို့နောက် ဥ,က လိုအပ်သည့် သောက်ဆေး၊ လိမ်းဆေးတစ်ချို့ကို အိမ်ပေါ်မှ ယူပြီး တင်းကုပ်အဖီရပ်ဆီသို့ ခပ်သွက်သွက် သွားနေသည်...။ ကျွန်မလည်း အဘ အခြေအနေကို မသိမသာ အကဲခတ်နေရင်းမှ မောင် ဖြစ်သူတို့ အတွဲကိုလည်း စိတ်ဝင်စားလှသည်မို့... အနည်းငယ် ရှင်းလင်းစွာ မြင်နိုင်သည့် နေရာကွက်ကွင်း ကြည့်ပြီး အခြေအနေကို သုံးသပ်နေမိသည်....။

ဟောက်သံတစ်ချို့နဲ့ပင် မောင်ကတော့ ဝမ်းလျားထိုး မှောက်ထားပြီး ဘာဆို ဘာမှ သတိထားပုံ မရှိတော့...။ အတော်လေးကို အိပ်မောကျနေပြီး အရာအားလုံးကို မေ့ပျောက်နေသည့် ဟန်ဖြင့်...။

ကျွန်တော်လည်း ပထမဆုံး မောင့်၏ နဖူးပြင်ကို စမ်းကြည့်လိုက်မိသည်...။ တော်သေးသည်... ကိုယ်ပူတာမျိုး မရှိသလို၊ အေးစက်ပြီးလည်း မနေ... သာမန်အတိုင်းကိုယ်ပူရှိန် ရှိသည်မို့ စိတ်အေးချမ်းသာမှု ရသည်...။ ထို့နောက် မောင့်လက်တွေကို ကြည့်မိတော့ အနာကပ် ပလာစတာ မရောက်သည့် နေရာများမှ အနည်းငယ် ကြွလန်နေသော အသားအရည်ခွံများ....။

အခုဆို မောင့်လက်ရှည်ရှည်သွယ်သွယ်တို့၌ ခြစ်ရာများနှင့်အတူ အပေါက်အပြဲတွေချည်း... နောက်ပြီး သေချာလေး မရှင်းလင်း သန့်ရှင်းရေး မလုပ်ခဲ့ရလို့ ထင်သည် ယာပြင်ထက်မှ မြေနီများက မောင့်လက်ရေစာ၊ လက္ခဏာပေါ်၌ ကပ်ငြိနေသည်....။ ကျွန်တော်လည်း ထိုနေရာများကို အနည်းငယ် ကြည့်ရှု စစ်ဆေးနေရင်းမှ မောင့်ဒဏ်ရာများကို ဆေးထည့်ပေးနေတော့ ချက်ချင်းဆိုသလို လှုပ်ရှားလာသော မောင့်အပြုအမူကြောင့် ကျွန်တော် လန့်သွားသည်....။

မယားတောသူ(complete)Where stories live. Discover now