Chapter (17)Zawgyi

Depuis le début
                                    

He Shouzhengလေးက စကားဝင်ပြောသည်။
" ကျဲကျဲက အရမ်းအားရှိတာဘဲနော် အန်ကယ်လေးဝင်ကူညီပေးစရာမလိုဘူး ဟုတ်တယ်မလားအန်ကယ်လေး ! "

ထိုကောင်လေးသည် အသားအရည်ဖြူစွတ်ပြီး ခပ်ရဲရဲလေးဖြစ်နေကာ He SuYe ဘေးတွင် ရပ်နေသည်ကို သူမလုံးဝ သတိမထားမိခဲ့။သူ့မျက်လုံးများမှာ ကြည်တောက်ပြီး အလင်းများဖြာထွက်နေသလိုပင် သူမ၏နှလုံးသားလေးမှာ ပင့်သက်ရှိုက်သွားမိသည်။He SuYe ရဲ့မိသားစုမျိုးရိုးက အရမ်းကောင်းလိုက်တာ။ထိုကောင်လေးသည် ရွှေလိုမျိုး အဖိုးတန်မွေးဖွားလာခဲ့ခြင်းဖြစ်ရမည်။He SuYe ကလေးဘဝတုန်းကလည်း ထိုကလေးလေးလိုပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်လောက်သည်လေ။

ဤကောင်လေးနှင့် မြင်မြင်ချင်းချစ်ကျွမ်းဝင်မိပြီး He Shouzhengလေးသည် သူမ၏ မီးတောက်နေသည့်မျက်ဝန်းနီနီရဲရဲကြီးကို ရှောင်ရှားမနေဘဲ သူမကို ပြုံးပြလေသည်။
" ကျဲကျဲ က အရမ်းလှတာဘဲ သားက Audrey Hepburn လိုပုံစံမျိုးကို အရမ်းကြိုက်တာ "

(My note: Audrey Hepburn က ဗြိတိန်ရဲ့ 1900နှစ်အစောပိုင်းလောက်မှာ နာမည်ကြီးလာတဲ့သရုပ်ဆောင်မင်းသမီးကြီးတစ်လက်ပါ ဟောလီဝုတ်ရဲ့ ရွှေခေတ်အခါတုန်းက တတိယမြောက်
အကောင်းဆုံးရုပ်ရှင်မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးရှင်)

He SuYe ငယ်ငယ်လေးတုန်းကသာဆို ဒီလိုမျိုး ပါးစပ်ချိုချိုလေးရှိလောက်မည်မဟုတ်။သူမကတော့ ကျိန်းသေပေါက် အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆိုသော်လည်း တကယ်တမ်း ယခုလို ချစ်စရာကလေးလေးက နှုတ်ခမ်းလေးစူပြီး ပြောလာသည့်အခါ တကယ့်ကို မနေတတ်မထိုင်တတ်တော့။

သူမ၏ခံစားချက်များကို ဖုံးကွယ်မထားဘဲ ပြုံးမိလေသည်။
" He SuYe သူကအရမ်းချစ်ဖို့ကောင်းလိုက်တာ "

He SuYeသည် He Shouzheng၏ဦးခေါင်းလေးကို တစ်ချက်ထိလိုက်ပြီး Shen XiFan၏ လက်ထဲက စာအုပ်များကို ဖတ်ကြည့်လေသည်။စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး သူမအတွက် သက်သာအောင်ကူညီပေးသည်။သူက စာရွက်အချို့ကို လှန်ကြည့်ပြီး ပြောသည်။
" ဒီစာအုပ်က အတော်လေးကောင်းတယ် ကိုယ်ဖတ်ချင်လို့ ရက်နည်းနည်းလောက် ငှားပေးလို့ရမလား  "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Où les histoires vivent. Découvrez maintenant