အပိုင်း (၁၈) : ပင်ပန်းမှု

Start from the beginning
                                    

"ဒါပေမယ့်... အဘက ကြိုက်မှာမဟုတ်ဘူး..."

"အဘကို ကြောက်နေတုန်းလား?? မောင်တစ်ယောက်လုံး အပျိုလေး ဘေးအနား ရှိနေပြီလေ..."

"........."

"အခု မောင်ရှိနေပြီလေ... အဘ မျက်နှာကို ကြည့်နေစရာမှ မလိုတာ...။ ဒီရက်ပိုင်း အချိုးမပြေလာရင်လည်း မောင်က အပျိုလေးကို ခေါ်ထုတ်သွားဖို့ ရည်စူးပြီးသား...."

ကျွန်တော့်ထံမှ တည်ကြည်စွာ ပြောလာသော ထိုစကားကြောင့် အပျိုလေးက ကျွန်တော့် မျက်နှာကို မော့ကြည့်လာသည်....။ ထို့နောက် ကျွန်တော့်ကို ယုံကြည်မှု အပြည့်ဖြင့် ဖြည်းညှင်းစွာ ပြုံးပြပြီး....။

"အင်း..."

"အင်းဆို... အခု ပြန်တော့လေ... မောင် စားပြီးတဲ့အထိ စောင့်မနေနဲ့တော့...။"

"ရတယ်... ဓလေ့ ရှိလို့ပါ..."

"ဘာဓလေ့ကို ပြောတာလဲ??"

"အခု မောင်က ငါ့ရဲ့ သက်ဆိုင်သူလေ... တစ်နည်းနဲ့က ငါ့နဲ့ အိမ်ထောင်ရေးအရ ပတ်သတ်နေတဲ့သူ..."

"အဲ့ဒီတော့... "

"မောင့်ကို ဂရုစိုက်ရမယ်လေ....။ ဥပမာ ထမင်းခူးပေးတါ၊ ထမင်းပန်းကန်ဆေးပေးတါမျိုး..."

"No... မလိုဘူး...။ အဲ့ဒီအရာက ဓလေ့ဆိုရင်တောင် ပယ်ထုတ်ပစ်လိုက်...။ မောင် အပျိုလေးကို တစ်သက်လုံး အဲ့လိုမျိုးတွေ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး..."

"ဒါပေမယ့်..."

"ကဲပါ... အပျိုလေးရယ်...။ မောင်က မလုပ်ခိုင်းရင် ရတယ်မလား??"

ကျွန်တော်က ထိုသို့ပြောလိုက်လေတော့ အပျိုလေးက ကျွန်တော့်ကို ကြည့်လာသည်...။ ထို့နောက် ခေါင်းကို ညိမ့်ကာ ရှိလာသည်မို့....။

"ဒါက ဘာလဲ?? မောင့်စကားကို နားထောင်တာလား??"

"အင်း..."

အပျိုလေးက ရှက်ပြုံးလေးနဲ့ပင် ခေါင်းကို ညိမ့်ကာ ဆိုလာတော့ ကျွန်တော်လည်း အပျိုလေးကို ကြည့်ပြီး ထမင်းတစ်ဇွန်း ထပ်စားဖို့ကို မေ့နေခဲ့သည်...။ ဒီအလှလေးက ဒီနယ်တကြောမှာ အလှဘွဲ့ ပိုင်ဆိုင်ထားသလို၊ လူတကာ လိုချင်သည်ကလည်း အဆန်းတကြယ် မဟုတ်တော့...။ မျက်လုံး၊ မျက်ခုံး၊ နှာတံဖြင့် မျက်နှာအစိတ်အပိုင်းတွေက scale သေသပ်စွာဖြင့် ဆွဲထားသည့် ပန်းချီကား တစ်ချပ်နှယ် ကြွရွနေသည်....။ ဒါကြောင့်မို့လည်း ကိုစံဦးထိုက်က သည်းသည်းလှုပ် ဖြစ်နေတာမျိုး....။

မယားတောသူ(complete)Where stories live. Discover now