" ဘာ!!နင့်ကိုဘယ်သူပြောတာလဲ!!!..."

ဇီယီစကားကြောင့် ရှောင်ကျန့်နဂိုငိုက်နေတဲ့အချိန်လေးတောင် ပျောက်သွားပြီး မျက်လုံးများတောင်ပြူးသွားရသည်...

"လန့်လိုက်တာဟယ်!! ဖြေးဖြေးပြောစမ်းပါ... ငါ့နှလုံးသားလေးကဖြင့် နုနုလေးရယ်ပါဆို...."

"နူနူလေးလေ..."

"ငါဖရုဿဝါစာစကားတွေမထွက်ချင်ဖူးနော် ငကျန့်...."

"အိုးမိုင်ဂေါ့!!တရားစကားတွေတောင်ပြောနေပါ့လား.... အမလေး ငါမနက်ဖြန်ကျ ထီထိုးတော့မယ်...ပြောမရဘူး ပေါက်ရင်ပေါက်နိုင်တယ်..."

"တော်ပြီ ငါမေးတာဖြေ ၊ နင်နဲ့ ရိပေါ်နဲ့က တကယ်အဲ့လိုဖြစ်သွားပြီလား...."

"အင်း..."

"ဟဲ့ မမူဘူးပဲ...."

"မူနေရအောင် ငါကမိန်းကလေးမှမဟုတ်တာ၊ပြီးတော့ နင်လည်း သိပြီးနေပြီပဲမလား...."

"သိရမှာပေါ့ နင့်အမဇီယီဆိုတာ ဒါပဲလေ ဒါပဲပေါ့...."

"အေးပါအေးပါ ဂေါ်မစွံနှစ်တစ်ရာ faကြီးလေ ဟားဟားဟား...."

"သူတောင်းစား!!!...."

"ဟားဟားဟားဟား!!! ကဲဘာပြောစရာကျန်သေးလဲ faကြီး..."

"မကျန်တော့ဘူးဟေ့!!!မကျန်တော့ဘူး...အဲ့မှာရယ်နေလိုက်....အရယ်လွန်ရင်းလည်း သေနေအုံးမယ်...."

"ဟားဟားဟား...အေးပါ ပေးတဲ့ဆုနဲ့ပြည့်ပါစေ.... ဟားဟားးး...."

"အေးအေး အဲ့မှာသေလိုက်...ဒါပဲ...."

တစ်ဖက်က ဖုန်းချသွားသည့်ဇီယီကို ရှောင်ကျန့်ဒီတစ်ခါတော့ အကြီးကြီးကျေနပ်သည်....အရင်ကဆို သူ့ချည်းအသားကုန်အပြောခံရပြီး ​ဟိုဘက်ကပဲဖုန်းချချသွားတာကိုခံရတာလေ ၊အခုတော့ သူဖုန်းအချခံရပေမယ့် ပြောလိုက်ရတာကတော့ မိမိကမြတ်သည်လေ...ဟိဟိ....

ရှောင်ကျန့်ကတော့ အကျေနပ်ကြီးကျေနပ်နေပေမယ့် တဖက်ကဇီယီကတော့ လုံးဝကိုကျေနပ်မနေ...

***သူတောင်းစား!! သူရည်းစားရတာနဲ့ ၊ကြည့်စမ်း ငါ့ကိုများ ဂေါ်မစွံfaကြီးတဲ့ faလေးဆိုတောင် နည်းနည်းခံသာလိမ့်အုံးမယ်...ငါနော်ငါနော်...

You're my destinyTahanan ng mga kuwento. Tumuklas ngayon