Chapter (15)Zawgyi

Magsimula sa umpisa
                                    

Shen XiFan အော်ငိုပလိုက်ချင်တယ်။
" သမီးက ထပ်ပြီးအန်ပေါင်းတွေ ပေးရဦးမှာပေါ့
ရှင်ချင်တယ်နော် "

အမှန်တကယ်ကို တရုတ်နှစ်သစ်ကူးအချိန်ရောက်ရှိလာခဲ့လေပြီ။Shen XiFan၏ ဆွေမျိုးအချို့မှာ ညကတည်းက ရောက်လာခဲ့ကြသည်။
သူတို့အားလုံးမှာ မေမေShen ဘက်ကဖြစ်သည်။
သူတို့က Haidie Xinyu ဟုလှပသည့်အမည်နှင့် သစ်ခွပန်းနှစ်အိုး ၊ပျားလိမ္မော် ခြောက်ဖာနှင့် အခြားဘူးအချို့ကို ပို့ပေးသည်။လိမ္မော်၊ ကိဝိနှင့် စတော်ဘယ်ရီများလည်း ပါသည်။

နှစ်ကူး၌ Shen XiFan မျှော်လင့်နေသည့်တစ်ခုတည်းသောအရာမှာ အစား ပင်ဖြစ်လေသည်။
ယခုအချိန်တွင် သူမသာ အတော်လေးချမ်းချမ်းသာသာ ရှိနေမည်ဆိုလျှင် သူမစားချင်တာမှန်သမျှ အကုန်မှာစားလိုက်မည်သာ သို့သော် သူမ၏မိသားစုဆိုသည်မှာလည်း အစားအသောက်နှင့်ပတ်သက်လာလျှင် လူညီပြီး စည်းလုံးမှုအပြည့်ပင်ဖြစ်၍ ဂေါ်ဖီနှင့် တို့ဖူးရှိလျှင်ပင်ချိုမြိန်နေလေပြီ။

လူမှုကွန်ရက်ပေါ်၌ လူတစ်ယောက်သည် နှစ်ကူးအကြိုညနှင့်ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဖြတ်သန်းမည် နှင့်နွဦေးပွဲတော်ပျော်ပွဲရွှင်ပွဲများအကြောင်း ပြောနေပြီး လက်ထပ်ရန်အတင်းတိုက်တွန်းနေသည့်မိဘများရှိလျှင် အွန်လိုင်းပေါ်မှ ယာယီချစ်သူ ကောင်လေး၊ကောင်မလေး ရှာထားကြရန်ပင် ဘွင်းဘွင်းရှင်းရှင်းအကြံပေးနေပြန်လေ၏။

သူမ ဝဘ်ပေ့ခ်ျတစ်ခုကို အလျင်းသင့်သလို ဖွင့်လိုက်သည့်အခါ သူ၏ကောင်မလေးကိုပေးမည့် မဂ်လာလက်ဖွဲ့အတွက် ထိုပေ့ခ်ျအား အကြံဉာဏ်တောင်းထားသည်ကို တွေ့လိုက်ရသည်။ပို့စ်အောက်တွင် ကောမန့်တော်တော်များများရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြသည့်အပြင် အားလုံးက ပို့ပေးရန်သဘောတူကြသည့်ပစ္စည်းမှာ စိန်များပေတည်း။

' စိန်သည် ထာဝရ တာရှည်ခံသလို တစ်စုံတစ်ယောက်သည် ထာဝရအတွက် လုံလောက်သွားလေ ပြီ ' ဟူသည့်စာသားအတိုင်း
တကယ်လည်း ဟုတ်မှန်၏။မည်မျှ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးမဆို လက်ဝတ်လက်စားအလှအပများပေါ်၌ ကျရှုံးရစမြဲ။ဥပမာအားဖြင့်
Shen XiFan သူမသည်လည်း 'ပလက်တီနမ်ကွပ်ထားသည့် အသည်းပုံ' လည်ဆွဲလေးကို တောင့်မခံနိုင်ချေ။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon