ရှယင်နှင့်မော့ချီရှစ်ယွမ်သည် အမြန်
အကြည့်ချင်းဖလှယ်ပြီးနောက် နောက်ဆုံးတော့
အချိန်ဆွဲနေခြင်းကို ရပ်တန့်လိုက်ကြ၏။

ခြုံထည်နက်နှင့်လူသည် ပျော်ရွှင်သော
အမူအယာဖြစ်မလာပေ။ ထိုအစား သူ့အမူအယာက
ပိုလို့တောင်မှ ရှုပ်ထွေးလာခဲ့လေသည်။ သူက
ငတုံးမဟုတ်ပေ၊ သူတို့နှစ်ယောက် နောက်ဆုံးမှာ
သဘောတူညီချက်တစ်ခုရသွားပြီမှန်း သူသိသည်။

ကိစ္စအားလုံးပြီးမှ သူ့ကိုကန်ထုတ်ချင်ခဲ့ပါက
သူ့လက်သီးက သဘောတူမတူကြည့်ရပေလိမ့်မည်။
ပင့်ကူနက်မှလူများဟာ အလွယ်တကူ
အနိုင်ကျင့်ခံမည့်လူများမဟုတ်။ ထို့အပြင်
ပင့်ကူနက်ကသာ သူများကိုအနိုင်ကျင့်လာခဲ့ခြင်း
ဖြစ်သည်။

လူသုံးယောက်စလုံးမှာ ယုတ်မာစွာ
ကြိတ်ကြံနေကြသည်၊ သို့ပေမဲ့ သူတို့
တွက်ချက်မှုများက အင်မတန်မှခရေစေ့တွင်းကျ
သော်လည်း လင်းရှောင်က သူ့အပေါ်
အလွယ်တကူဖြတ်လျှောက်ခွင့်ပေးမည့် လူမျိုး
မဟုတ်ပေ။ ကျားဖြူ၏ကိုယ်ထည်ကိုသန့်စင်ရန်
နန်းတော်ထဲမှာတုန်းက စိတ်စွမ်းအင်ထက်ဝက်ခန့်
အသုံးပြုခဲ့ရသည်ကိုမဆိုထားနှင့်
သူ့ဒဏ်ရာများတောင် အခုထက်ထိမပျောက်သေး
ပေ။ သူ့မှာ စိတ်စွမ်းအားပြန်ပြည့်စေသည့်
စိတ်စွမ်းအင်ရေ ပုလင်းများစွာရှိနေသေးတာ
ကံကောင်းသည်။ ပုလင်းအများကြီး ဆက်တိုက်
သောက်လိုက်ပြီးနောက် သူ့စိတ်စွမ်းအင်က
တစ်ဝက်ခန့်မျှပြန်ပြည့်လာခဲ့သည်။

ယူရှောင်းမိုကတော့ လေထဲ ပျောက်ကွယ်သွား
သလိုပင်။

လင်းရှောင်မှာ ဘေးကင်းရာ တစ်နေရာရာ
ရောက်သည်နှင့် ယူရှောင်းမိုကို နာနာ
ရိုက်ပစ်ချင်နေသည်။

ယူရှောင်းမိုမှာလည်း အလွန်ခါးသီးနေရလေသည်၊
အင်မတန်မှ ခါးသီးနေ၏။ နဂိုက အရာအားလုံး
အဆင်ပြေသည်။ သူက မြေအောက်ဝင်္ကဘာ
ထဲမှာမှန်း ဘယ်သူမှမသိပေ၊ နန်းတော်ထဲက
ထွက်ပြီး လင်းရှောင်နှင့်ဆုံဖို့ အချိန်ပေါက်စိ
ညှောက်တောက်လေးပဲ သူလိုသည်၊ သို့သော်
မတော်တဆတစ်ခုဖြစ်သွားလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  On viuen les histories. Descobreix ara