အပိုင်း၁ (မူလဘဝ)

8.9K 515 15
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၁ - မူလဘဝ

ယနေ့သည် သူ၏သခင်လေး၏ မဂ်လာပွဲကျင်းပမည့်နေ့ဖြစ်သည်။သခင်လေး၏ အိမ်တော်ထိန်းတစ်ယောက်၊ လူယုံတစ်ယောက်အနေဖြင့် လီပိုင်ယွီ သည် မဂ်လာပွဲကို စီစဥ်ပေးရသဖြင့် ဖတ်ဖတ်မောနေပြီ ဖြစ်သည်။ Aမြို့၏ Top one သူဌေးနှင့် အလှဘုရင်မလေးတို့၏ မဂ်လာပွဲဖြစ်သည်နှင့်အညီ အလွန်တရာ ခမ်းနား ကြီးကျယ်ပေ၏။

'အင်း သူတောင် အရွယ်ရောက်လို့ လက်ထပ်တော့မယ်...၊ ငါ့ဘေးနားမှာ ကပ်ပြီးတူတူနေဖို့ပြောခဲ့တာ မနေ့တစ်နေ့ကလိုပဲ...၊ကလေးတွေ ကြီးလာတာက မြန်လိုက်တာ....'

လှပသော ဖီးနစ်မျက်ဝန်းကို ရွှေကိုင်းမျက်မှန်ဖြင့် အနားသတ်ထားကာ.... ဆံနွယ်ရှည်ကို ခပ်လျော့လျော့ စီးနှောင်ထားသော ထိုအမျိုးသား။ အရပ်ကလည်း အားကျဖွယ်183 cmရှိသော ထိုအမျိုးသား.....။ထိုအမျိုးသားလေးဟာ မျက်မှန်ကို ပင့်တင်လိုက်ရင်း တီးတိုး ရေရွတ်လိုက်၏။

ဟုတ်ပါသည်။သူဟာ လီပိုင်ယွီ.....။ သူနှင့် ငယ်ငယ်ထဲက အတူတူနေလာ ၊စောင့်ရှောက်လာခဲ့သော သခင်လေးဖြစ်သူ၏ မဂ်လာပွဲအတွက် လိုအပ်သည်များကို ဆက်လက်ကြည့်ရှု နေလိုက်သည်။ အင်း..ဘာ့ကြောင့်မှန်းမသိ ရင်ထဲမှာတော့ အနည်းငယ် ဝမ်းနည်းနေ၏။

ထိုစဉ် ခံ့ညားသော လူတစ်ယောက်သည် လီပိုင်ယွီထံ လျှောက်လာကာ ‌ပြောလာ၏။ထိုလူသည် စူးရဲသော မျက်ဝန်းတစ်စုံ ၊နှာတံမြင့်မြင့် ၊ ပိရိသေသပ်သည့် နှုတ်ခမ်းပါးများနှင့် ထည်ဝါသည့် အရှိန်အဝါတို့ ထင်းလင်းနေသည်။ထိုသူသည် လီပိုင်ယွီ၏ လက်မောင်းကို လှမ်းဆွဲရင်း မျက်မှောင်ကြုံ့လျက် ပြောလာ၏။

"ကော.... ဘယ်တွေပျောက်နေတာလဲ... မနေ့ထဲက အရိပ်တောင် ဖမ်းလို့မရဘူး...မဟုတ်မှလွဲရော....ကိုယ့်ကို ရှောင်နေတာလား "

'ကောင်စုတ်လေး.....မင်းကြောင့် အလုပ်ရှုပ်နေတာလေ'
အပြင်မှာတော့ ထုတ်မပြောရဲ....။...အပြင်မှာတော့ ယခင်အတိုင်း မျက်ဝန်းသေတို့ဖြင့် ဝူရှန်းကို မော့ကြည့်ရင်း ပြောလိုက်သည်။

"ကောက မဂ်လာပွဲမှာ ဘာတွေ လိုအပ်နေသေးလဲ လိုက်ကြည့်နေတာ..၊...ဝူရှန်းရော  အင်္ကျီမလဲသေးဘူးလား... မဂ်လာပွဲက စတော့မှာလေ....''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now