အပိုင်း (၁၃) : ရည်ရွယ်ချက်

Start from the beginning
                                    

အခုလည်း အခန်းထဲ၌ ကျွန်တော့်အခန်း စာကြည့်စားပွဲပေါ်မှ နောက်ဆုံးဘာသာကို အာရုံစိုက် လေ့လာနေရင်းမှ အပျိုလေးကို သတိရနေမိသည်.....။ နောက်ပြီး Airconအရှိန်နဲ့သာ အေးနေပေမယ့် အပြင်မှ တပေါင်းလအစ၏ ပူနွေးမှုက ကျွန်တော့်ကို သည်းခြေပျက်စေသည်.....။

"ကျွတ်~~~ ပူလိုက်တာကွာ...."

ကျွန်တော့်မှာ စားပွဲပေါ်မှ စာအုပ်မှ အကြည့်ကို လွှဲလိုက်ပြီး ခန္ဓာကိုယ်မှ ယဲ့ယဲ့လေးဖြင့်သာ ကပ်နေသည့် အကျီ်ပါးပါးလေးကို စိိတ်မရှည်သလို ချွတ်လိုက်သည်....။ ထို့နောက် ထိုအကျီ်ကို အိပ်ရာပေါ်သို့ ပစ်တင်ပြီး စာပြန်လုပ်ဖို့ အာရုံစူးစိုက်နေတုန်း ရှိသေးသည်... ကျွန်တော့်တံခါးဖွင့်သံကြောင့်....။ ကျွန်တော်လည်း အခန်းတံခါး အပိတ်အဖွင့်နှင့်ပတ်သတ်ပြီး Sensitive ဖြစ်နေသည်မို့.... ဒီအတိုင်း ကုလားထိုင် နောက်လက်ရမ်းပေါ်လက်တစ်ဖက် တင်ထားပြီး အကြည့်ကိုပါ တစ်ခါတည်း မောင်းတင်ထားမိသည်.....။

တံခါးလှပ်သံ သဲ့သဲ့လေးနှင့်အတူ အထဲသို့ ဝင်လာသော အကောင်အထည်ကို မြင်မှပင် ကျွန်တော့်မျက်နှာကို အတတ်နိုင်ဆုံး ပြေကျစေမိသည်.....။ထို့နောက် စာကြည့် စားပွဲသို့ မျက်နှာပြန်လှည့်လိုက်သည်....။ထို့နောက် တံခါးပိတ်သံ သဲ့သဲ့နှင့်အတူ အနားသို့ လျှောက်လာသော အပျိုလေး ခြေသံအေးအေးနောက်မှာတော့ ကျွန်တော့်နံဘေးသို့ ရောက်လာသည့် အကောင်အထည်.....။

အပျိုလေးက သူယူဆောင်လာသည့် လိမ္မော်ရည် အေးအေးနှင့်အတူ လက်ဖက်သုပ်ပန်းကန်လေးကို ကျွန်တော့်စားပွဲပေါ်သို့ တစ်ပန်းကန်ချင်းစီ ချပြီး နောက်မှာတော့.....။

"အအေးလေး သောက်လိုက်ဦးနော်....။ ဟို... အကျီ် ချွတ်ထားတာ ပူ... ပူနေလို့လား??"

အပျိုလေးထံမှ အသံတုန်တုန်ရီရီလေးကြောင့် ကျွန်တော်လည်း နံဘေးမှ ရပ်​နေသည့် အပျိုလေးကို ငေးကြည့်မိတော့ အပျိုလေးက ကျွန်တော့်ဆီ အကြည့်ရောက်မလာဘဲ မျက်နှာတလွှဲလွှဲ....။ ကျွန်တော်လည်း သူရဲရဲ မကြည့်ရဲသည့် ကိုယ့်ခန္ဓာအစိတ်အပိုင်းကို ပြန်လည်ကျင့်လိုက်ပြီး ဘောင်းဘီကို အနည်းငယ် ဆွဲချလိုက်ပြီး boxerအပေါ်ပိုင်း နေရာကို အနည်းငယ်လစ်ဟာ ပြမိတော့......။

မယားတောသူ(complete)Where stories live. Discover now