Chapter (12)Unicode

Start from the beginning
                                    

ကောင်မလေးတစ်ယောက်က ရုတ်တရက် တိုးတိုးလေးပြောလိုက်သည်။
" ကြည့်ဦး အရမ်းချောလိုက်တာ "

ဘေးက တစ်ယောက်ကလည်း
" ငါတို့ကျောင်းမှာ ဒီလိုမျိုးရှိတယ်တဲ့လား ဘုရားရေ ငါတော့ အနှစ်နှစ်ဆယ်လောက် မျက်နှာမော့
ဝင့်ကြွားလို့ရပြီဟဲ့ "

ထို့နောက် အစားစားနေသည့်ကောင်မလေးက အော်ပြောလာသည်။ " ဘောလုံးကို အရမ်းဆွဲမနေနဲ့ ငါ့ကို အသေ သတ်နေတာလား အမလေး! "

He SuYe သူတို့ပြောနေတာကြားပြီး ရယ်သာရယ်မိတော့သည်။မော့ကြည့်လိုက်တော့ သူလျှောက်လာတာ လမ်းဆုံးနေပြီး ပြန်လှည့်လိုက်သည်။နံရံနောက်ကျောတွင် ကောင်လေးတစ်ယောက်က မတ်တပ်ရပ်နေပြီး ကောင်မလေးတစ်ယောက်ကို လေကြွားနေသည်။ထိုနံရံက အတော်လေးကောင်းသည်။ယခင် တက္ကသိုလ်ဝင်းအသစ်မဆောက်ခင်ကဆို အားလုံးက ထိုနံရံကိုကျော်တက်ကြပြီး ညဘက်ခိုးထွက်လေ့ရှိကြ
သည်။

သူ ဒါကိုကောင်းကောင်းမှတ်မိနေသည်။သို့သော်
ကျောင်းပိတ်သည့်အခါတိုင်း သူ အတန်းဖော်ဘယ်နှယောက်နှင့်အတူ တွားသွားခဲ့ဖူးသည်ကို မမှတ်မိတော့။နံရံက နိမ့်သော်လည်း သူက အပေါ်မတက်ခဲ့ရသည့်အကြောင်းရင်းမှာ သူ့ကို အမြဲသတိပေးတတ်သည့် ကောင်မလေးတစ်ယောက် ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ " He SuYe တွားသွားရမယ်နော် "

ထိုအချိန်က ကျောင်းမှ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ကျောင်းပိတ်နေသည့်အချိန်တွင် ခွင့်ပြုချက်မရှိဘဲ ကျောင်းပြင်ထွက်ခြင်း ကျောင်းစာသင်ခန်းများထဲတွင် နေထိုင်ခဲ့ပါက ပညာသင်ဆုအတွက် ရွေးချယ်မည်မဟုတ်ပေ။

ထိုအချိန်က သူသည်လည်းအတော်လေးစိုးရိမ်ပူပန်နေခဲ့ရသည်။အိမ်ကိုဖုန်းဆက်သည့်အခါ မည်သူမျှ ဖြေမည့်သူမရှိ အဖေနှင့်အမေ၏
ရုံးဖုန်းကလည်း တစ်လျှောက်လုံး ဆက်သွယ်၍မရ လက်ကိုင်ဖုန်းများအားလုံးမှာလည်း လိုင်းပြတ်တောက်သွားခဲ့သည်။ သူသည် အလုံပိတ်ထဲတွင် နေနေရသလိုပင် အသံတစ်သံမျှ ကြားနိုင်ဖို့ရန်မစွမ်းသာ။

သူနောက်ဆုံးအကြိမ်အပြင်ထွက်တုန်းက အပြစ်ပေးခံရမည်ကိုတောင် စိတ်ထဲမတွေးမိခဲ့
ပညာသင်ဆုအကြောင်းကိုလည်းဂရုမစိုက်ခဲ့ချေ။သို့သော်သူ ခုန်ဆင်းလိုက်သည့်အခါ အကျွမ်းတဝင်ရှိသည့်အသံတစ်ခု ကြားလိုက်သည်။" He SuYe ရူးကြောင်ကြောင်တွေမလုပ်ပါနဲ့ ကျွန်မတောင်းဆိုပါရစေ ဟုတ်ပြီလား! "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now