အကိုသိလိုက်တယ်...အကို...အကိုအဲ့တုန်းကတည်းက သဘောပေါက်ခဲ့တယ်....ဒါပေမယ့်လေ အကို လက်မလျော့ချင်ခဲ့ဘူး...အကိုလေ...အကိုကြိုးစားလို့ရနိုင်အုံးမယ်လို့ထင်ခဲ့တာ....တကယ်လို့အကို့ကိုမရွေးဘူးဆိုရင်တောင် ရှောင်ကျန့်ကိုယ်တိုင်ကနေပြောတာပဲ အကိုကြားချင်ခဲ့တာပါ...."

မှန်သည်....သူကိုယ်တိုင်လည်း ရှောင်ကျန့်ကိုယ်တိုင်နှုတ်ကပြောတာကိုပဲ ကြားချင်ခဲ့သည်...သူရှောင်ကျန့်ကို စတွေ့ကတည်းကသဘောကျမိခဲ့တာ၊ ဒါပေမယ့် ရှောင်ကျန့်ဆိုတဲ့လူသားလေးကို သဘောကျနေခဲ့တာက သူတစ်ယောက်ထဲမှမဟုတ်ပဲ၊ "မြွေမြွေချင်းခြေမြင်"တယ်ဆိုတဲ့စကားပုံအတိုင်း သူရိပေါ်ကို စမြင်တည်းက ရိပေါ်ဟာလဲ သူ့လိုပင် ရှောင်ကျန့်ကိုသဘောကျနေတာမှန်းတန်းသိခဲ့သည်...

သို့သော် ဒါဟာရှေ့ဆက်တိုးလို့မရတာတော့မဟုတ် ၊ ရှောင်ကျန့်အချစ်ကိုရဖို့အတွက် ကြိုးစားခွင့်ရှိသေးသည်မဟုတ်ပါလား...ရှင်းရှင်းပြောရရင် တိုက်ပွဲကအခုမှစတာပင်......

သူလိုကိုယ်လိုလူပဲ.... လိုချင်တာရဖို့ ယှဥ်ပြိုင်ရတာတော့ အဆန်းတကြယ်မဟုတ်...ဒါပေမယ့် ယှဥ်ပြိုင်ဖို့အားခဲထားသမျှဟာ ရှောင်ကျန့်ကို မသိမသာအကဲခတ်နေမိခဲ့တဲ့ တစ်လျှောက်မှာတော့ ပြိုကွဲလုနီးနီးပင်......

ရှောင်ကျန့်က ရိပေါ်အတွက်ဆိုရင် သိပ်အရေးပေးလွန်းနေသည်...မဟုတ်ဖူး... အဲတာထက်ကိုပင်ပိုနိုင်သေးသည်....ထိုအခြင်းအရာများသည် သူ့ကိုမပြိုင်ခင်ကတည်းက အရှုံးဖြစ်စေခဲ့ပေမယ့် သူလက်မလျော့ခဲ့....ဒါက အခုမှအစမလား.....

ရိပေါ်က သူ့ထက်ရှောင်ကျန့်ကို နားလည်တယ်ဆိုရင်တောင် သူကကော.... သူလည်း ကြိုးစားပြီး နားလည်အောင်လုပ်မှာပေါ့....အနေနီးတာနဲ့ပဲ သူကသာတယ်လို့မှ မပြောနိုင်တာ....ဖူးစာဆိုတာ သူ့ဘာသာသူ့သတ်မှတ်ထားပြီးသားပဲလေ.....အနေဘယ်လောက်ဝေးဝေး ဖူးစာမှန်ရင် သူနဲ့ရှောင်ကျန့် နီးစပ်သွားနိုင်တာပဲလေ.....

ဟုတ်သည်...ဒီအတွေး.... ဒီအတွေးတစ်ခုတည်းနဲ့တင် သူ့အတွက်ကြိုးစားဖို့လုံလောက်ခဲ့သည်....

You're my destinyWhere stories live. Discover now