အပိုင်း (၁၀) : ခွင့်

Start from the beginning
                                    

"မင်း အဲ့လို ကိုင်ထားတာ... နည်းနည်းလေး နွေးလို့....။ မဖယ်လိုက်နဲ့နော်...."

"အင်းပါ ဋီကာရဲ့... ငါ စဥ်းစားနေတာ...။ ဦးလေးမြဆောင်ကို နိူးပြီး ငါ လမ်းထိပ်က ဆရာဝန်ကို သွားပင့်ရမလားလို့....။"

"အာ... အခု ဘယ်နာရီ ရှိနေပြီလဲ?? ညနက်နေပြီမလား??"

"သိပ်တော့ မနက်သေးပါဘူး....။ နာရီတော့ ကုန်နေပြီ...။ မင်း နေရတာ အရမ်းကြီး ဆိုးလာမှာစိုးလို့...။"

"အပြင်မှာ မိုးရွာနေသေးလား??"

"အင်း... ရွာသေးတယ်...။ အခုချိန်ထိ မတိတ်သေးဘူး....။ ဒါပေမယ့် ရပါတယ်...။ ငါတို့ သေချာ ဆရာ့ကို ပင့်ခဲ့မယ်လေ...."

"အာ... နေပါစေ...။ မသွားတော့နဲ့...။ ငါ စိတ်မချဘူး...။ တော်ကြာ မင်းပါ နေမကောင်းဖြစ်သွားရင် မကောင်းဘူး...။ ရတယ် မနက်မှ ငါတို့ စောစော သွားရအောင်......"

နောက်ဆုံးတော့ သူ့နဖူးပေါ်မှ ကျွန်တော့်လက်ကို လွတ်မထားဘဲ ဖိအုပ်ဆုပ်ကိုင်ရင်းမှ ပြောလာတော့ ကျွန်တော်လည်း အထွန့်မတက်တော့...။ ထို့နောက်....။

"ဒါဆို မင်း ဘယ်လိုလုပ် အချမ်းသက်သာမလဲ?? ကလေးလေးလို လုပ်မနေနဲ့..."

အပျိုလေးက ရယ်သံစွက်ကာ ကျွန်တော့်လက်ဖဝါးတစ်ဖက်သို့ သူ့နောက်ထပ် လက်တစ်ဖက်နဲ့ပင် ဆုပ်ကိုင်လေတော့ ကျွန်တော်လည်း မျက်လုံးကို အားတင်းပြီး ဖွင့်လိုက်မိသည်......။ ထို့နောက် ကုတင်အစွန်းမှာ ထိုင်ပြီး ကျွန်တော့်ကို ကြည့်နေသည့် အပျိုလေးလို တစ်ကိုယ်လုံး ကိုက်ခဲပြီး မျက်လုံးများ ပူစပ်နေသည့်အကြားက ကြည့်နေသည်....။ ထို့နောက်...

"ဒါဆို ငါ့ကို အချမ်းသက်သာအောင် လုပ်ပေးလေ...။ မနက်ဖြန် သချာ် Examရှိတယ်...။ ငါ မင်းကို အနိုင်ယူရဦးမှာ...။"

"ဟုတ်ပါပြီ ကိုယ်တော်ရယ်...။ မနက်ဖြန် ကျောင်းကို လိုက်နိုင်အောင် ငါ လုပ်ပေးပါ့မယ်...။ အခုလောလောဆယ် အချမ်းသက်သာမယ့် နည်းတော့ ငါတွေ့ထားတယ်...။ ဒါပေမယ့် မင်း စိတ်ရှိမှာစိုးလို့....။"

မယားတောသူ(complete)Where stories live. Discover now