ရှောင်ကျန့် စိတ်မပါသည့် ​ခြေလှမ်းများလှမ်းရင်း အဆောင်ဆီသာ ဦးတည်လိုက်တော့သည်...သူကျန်တာတွေ ဘာမှမတွေးနိုင်တော့....ခေါင်းကြီးလည်း တွေးရလွန်းလို့ ခေါင်းတွေကိုက်နေပြီ၊ အဆောင်ရောက်ရင် ဘာမှထပ်မတွေးတော့ပဲ ဝင်အိပ်ပစ်မည်ဟု ကျိန်းရင်း ခပ်သွက်သွက်သာ ဆက်လျှောက်လိုက်တော့သည်....

ကျောင်းမှာကျန်ခဲ့သည့် ရိပေါ်တို့မှာတော့ ရှောင်ကျန့်ကို ကျောင်းဝန်းထဲမှာပဲအမှတ်နဲ့ အသည်းအသန်ကို လိုက်ရှာနေကြသည်....

"ဟေ့ ဝမ်ရိပေါ်... "

"ဘာလဲ..."

"မင် တစ်ခုခုမှားနေသလိုမခံစားရဘူးလား...."

ရိရှင်းတစ်ယောက် နဖူးကချွေးသုတ်ရင်း ရိပေါ်ကို လှမ်းပြောလိုက်သည်.....

"အင်း... ငါလည်း အခုပဲ အဲတာကိုစဥ်းစားနေတာ...."

ရိပေါ်လည်း ထိုနည်းတူစွာပင် ချွေးများသုတ်ရင်း ပြန်ဖြေလေသည်...

"သူဘယ်များသွားပါလိမ့်....မင်းကော သူဘယ်သွားတယ်လို့ထင်လဲ..."

"သူ...အင်း... သူတစ်ခါတလေတော့ စာကြည့်တိုက်ဘက်ကို သွားတတ်တယ်၊ ဒါပေမယ့် ခုနကငါတို့အဲ့ဘက်လည်း ကြည့်််ပြီးပြီလေ...."

"အဲတော့..."

"ဟမ်!!. .."

"အဲတော့ တခြားဘယ်နေရာမင်းသိသေးလဲလို့..."

"အဲတာတော့ ငါလည်း မပြောတတ်တော့ဘူး..."

"ဟား ကျစ်!!!..."

အမှန်အတိုင်းပြောရရင် သူတို့နှစ်ယောက်လုံးတစ်ကယ်ကို ပင်ပန်းနေကြပြီ၊ ပင်လည်း ပင်ပန်းသလို စိတ်လည်း မအေးနိုင်ကြသေးပေ...

အတန်းချိန်တွေပြန်တက်နေကြပေမယ့် သူတို့ကတော့ အတန်းလစ်ရင်း ရှောင်ကျန့်ကိုသာ အသဲအသန်လိုက်ရှာနေကြသည်....

အတန်းသွားမတက်ပဲ အပြင်မှာဖြစ်သည့်အတွက် သူတို့ခမျာ ပေါ်ပေါ်တင်တင် နဲ့တအားလည်း မသွားရဲပေ ....ဆရာတစ်ယောက်ယောက်နဲ့တွေ့ခဲ့သော် အတန်းမတက်ပဲအပြင်ရောက်နေသည့်အတွက် ဒဏ်ပေးခံရနိုင်သည်လေ....

ကြောက်သည်ရယ်လို့တော့ မဟုတ်ပေမယ့် အလကားနေ အလကားတော့ ပြဿနာမတက်ချင်....မဆုံခင်ကြိုရှောင်ထားတော့ ပိုဘေးကင်းသည်မလား...

You're my destinyWhere stories live. Discover now