အပိုင်း (၉) : အလှတရား

ابدأ من البداية
                                    

အပျိုလေးကတော့ အခုထက်ထိ ပြင်ဆင်လို့ မပြီးသေး... မီးဖိုအခန်းထဲမှ ပန်းကန်များကို သယ်ယူလို့ မပြီးသေး...။ ကျွန်တော့်ကိုလည်း တစ်စက်မျှ မကြည့်လာသေးသည်မို့ ကျွန်တော်လည်း မျက်နှာကို တတ်နိုင်သမျှ တည်တင်းထားလိုက်သည်....။

နောက်ဆုံးပေါင်မုန့် မီးကင်ပန်းကန်ကို ကိုင်ပြီး စားပွဲပေါ် ချလာသည့်အချိန်မှ သူ ကျွန်တော့်ကို သတိထားမိသည် ထင်သည်.....။ ချက်ချင်းဆိုသလို ကျွန်တော့်ကို ခေါ်လာသည်....။

"ဋီကာ... အိပ်ရာကတောင် နိုးလာပြီလား?? ထင်ပါတယ်... အဲ့ဒါကြောင့် ဒီနေ့ မိုးအုံ့နေတာ..."

အပျိုလေးကတော့ ကျွန်တော့်ဘေးနားမှ ထိုင်ခုံကို ဝင်ပြီး အသီးအရွက်နှင့်ခေါက်ဆွဲကြော်ထားသော ခေါက်ဆွဲကြော် ပန်းကန်ကို ထုံးစံအတိုင်း ငရုတ်သီးအနည်းငယ် ထည့်ကာ စားဖို့ပြင်ရင်း ပြောလာသည်....။

"........"

ကျွန်တော့်ထံမှ ဘာမှပြောမလာဘဲ သူ့ကို ကြည့်ပင်မလာတာကြောင့် သူ ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး....။

"ဘာလဲ? ငါ ပြင်ထားတဲ့ မုန့်တွေက စားမကောင်းလို့လားဟင်??"

ချက်ချင်းဆိုသလိုပင် ကျွန်တော့်ကို ကြည့်ရင်းပြောလာသည်....။ သူ ထိုကဲ့သို့ ပြောလိုက်မှပင် ကျွန်တော့်ရှေ့မှာ ချထားသော ခေါက်ဆွဲကြော် ပန်းကန်ကို တစ်ချက်မှ မထိသေးကြောင်း သတိထားမိသည်....။ ထိုပန်းကန်ထဲ၌ အသီးအရွက်တစ်ချို့နှင့်အတူ ကြက်သားတုံး လက်မဝက်ခန့် အတုံးလေးများက နီရဲပြီး အနံ့သင်းသင်းလေးများကိုပင် ရှုရှိုက်နေမိသည်....။

ကျွန်တော်လည်း သူ့ကို ဘာမှပြန်မပြောဘဲ သူကိုယ်တိုင် အသားမစားဘဲ ကျွန်တော့်အတွက် အသားဖြင့် သေချာပြင်ဆင်ထားပုံက တကူးတက ဆန်လာသည်မို့ အနည်းငယ်တော့ သူ၏ သီးသန့်ဖြစ်စေမှုအတွက် နှစ်ထောင်းအာရ ပီတိဖြစ်မိသည်....။ ပါးစပ်ထဲ၌ အရသာသင့်လျော်စွာနဲ့ပင် ကုန်ဆုံးသွားသော ခေါက်ဆွဲကြော်၏ အရသာက ကျွန်တော့်ကို နောက်ထပ်တစ်ဇွန်း စားဖို့ ဆွဲဆောင်နေပေမယ့် ကျွန်တော် အပျိုလေးကို စိတ်ဆိုးနေကြောင်း ပြသ,ချင်သည်မို့....။

မယားတောသူ(complete)حيث تعيش القصص. اكتشف الآن