Chapter (9)Unicode

Start from the beginning
                                    

Li Jie သည် လိမ်လိမ်မာမာ ပြုံးနေလိုက်ပြီး
" ဆရာအစ်ကိုက ကျွန်တော် ရေနစ်တော့မှာကို မကြည့်ရက်မှန်းကျွန်တော် သိပါတယ် "

အတွင်းလူနာဌာနဘက်သို့သွားသည့်အခါ He SuYe သည် အချို့လူနာများအားကုသ​ပေးရန်တိုင်းရင်းဆေးများပေးထားပြီးဖြစ်သဖြင့် အတွင်း​လူနာဆောင်ဘက်ကို သွားရန် မလိုတော့ပေ။ဆေးအာနိသင် အခြေအနေအားမေးမြန်းပြီးမှ ဆေးများကိုတိုက်စေသည်။

ဟောမုန်းနှင့်ကိုယ်တွင်းဇီဝကမ္မဗေဓဆိုင်ရာဌာန၏လူနာဆောင်ဘက်သို့ လမ်းလျှောက်လာသည့်အခါ ဒေါက်တာအချို့နှင့် သူနာပြုများသည် တစ်ခုခုအား တိုးတိုးနှင့်ပြောဆိုနေကြသည်။ဒေါက်တာတစ်ယောက်က He SuYe ကိုမြင်သည့်အခါ နှုတ်ဆက်လေသည်။
" Dr.He ခင်ဗျားပြောတော့ မထူးဆန်းပါဘူးဆို
မနေ့က ကောင်းလာတဲ့လူကလည်း ဒီနေ့လည်းအဆင်ပြေတယ်တဲ့ မဆိုးဘူးလားလို့ "

သူက ခဏလောက် ချင့်ချိန်လိုက်ပြီးမှ ပြောလာသည်။ " မနက်ခြောက်နာရီကျော်ကြီးမှာ အရေးပေါ်လူနာများရှိလို့လား "

" မဟုတ်ပါဘူး လည်ပင်းအကြိတ်လူနာတွေနဲ့အခြားအရေးကြီးလူနာတွေက လွန်ခဲ့တဲ့နှစ်ရက် မနက်ပိုင်းတည်းက ဆေးရုံဆင်းသွားကြပါပြီ "

" လည်ပင်းအကြိတ်? "

နောက်ဒေါက်တာတစ်ယောက်က ပြန်ဖြေလာသည်။ " ဟုတ်တယ် အချိန်မှီလေးသိသွားလို့ပေါ့
ဒါနဲ့ပတ်သက်ပြီးလေ့လာနိုင်ဖို့ဆေးရုံကလည်း ခွင့်ပြုထားလိုက်ပြီ အခုလူတိုင်းကဆေးရုံကို တရားဆွဲကြမှာကို ကြောက်လန့်နေကြတယ် အမလေးလေး အရင်ကခင်ဗျားပြောတော့ ကျွန်တော်တို့ဌာနက မကောင်းတာမဖြစ်တတ်ပါဘူးဆို တစ်ပတ်တည်းနဲ့ ကျွန်တော်လူနာနှစ်ယောက်ကြည့်လိုက်ရတယ် တစ်ယောက်က လည်ပင်းအကြိတ်နောက်တစ်ယောက်က New Year နေ့တုန်းကနှလုံးရောကျောက်ကပ်မှာပါ ပြသာနာရှိနေပြန်ရော လူနာဆောင်တစ်ခုလုံးလည်း စိုးရိမ်ပူပန်မှုတွေနဲ့ပေါ့ လူတွေလည်းအထိတ်တလန့်ဖြစ်သွားကြသေးတယ် "

အသက်ငယ်သေးသည့်သူနာပြုလေးတစ်ယောက်ကလည်းကြားဖြတ်ပြောလိုက်သည်။
" SARS တွေတော့ သိပ်မဖြစ်ကြဘူးနော်
အဲ့လိုမျိုး နှိုင်းယှဥ်လိုက်တော့ တော်သေးတယ်ဘဲပြောရမှာပေါ့ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now