Chapter (5.1)Unicode

Start from the beginning
                                    

Sheng XiFan ပြန်ပြောလိုက်သည် " ရပါတယ် နားလည်ပါပြီ ဆက်ပြီးကြိုးစားပေးပါ ကျေးဇူးတင်ပါတယ် "

သူမအဝတ်ထပ်ဝတ်ကာ အပြင်ထွက်လာခဲ့လိုက်ပြီး သူမ၏အဖေအား ဖုန်းဆက်လိုက်သည်။
ဖေဖေ Sheng ပြောသည်အရတော့ မီးပြန်တောက်ခြင်းက မြို့အရှေ့ဘက်ခြမ်းတွင်ဖြစ်ကာ သူမ၏အိမ်သည် မြို့အနောက်ဘက်တွင် တည်ရှိသောကြောင့် လျှပ်စစ်မီးမှာပုံမှန်အတိုင်းရနေသည်။ သူမစိတ်သက်သာရာရသွားပြီး " သမီးဒီညတော့ နောက်ကျမှအိမ်ပြန်လာနိုင်မယ်နော် "

ဟိုတယ်၏ ဧည့်ခန်းမကြီးဘက်တွင် နည်းနည်းတော့ရှုပ်ယှက်ခက်နေလေသည်။လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဓာတ်လှေကားရုတ်တရက် ရပ်သွားခြင်းကြောင့်ဖြစ်သည်။အချိန်ဘယ်လောက်မှ မကြာသေးသော်လည်း အချို့ဧည့်သည်များမှာ
အထိတ်တလန့်ဖြစ်နေကြသည်။ကလေးမလေးတစ်ယောက်သည် ကြောက်ကြောက်နှင့် "အမေ" ဟုအော်ခေါ်နေလေသည်။

လော်ဘီမန်နေဂျာ Ding Wei သည် အခြေအနေများအားရှင်းပြလျက်ရှိကာ ဧည့်သည်များမှာ နားလည်မှုရှိကြသဖြင့် အခြေအနေကို အမြန်လေးထိန်းချုပ်နိုင်ခဲ့သည်။

Sheng XiFanသည် ကလေးမလေး၏ရှေ့သို့သွား
ပြီးရပ်ကာ မေးလိုက်သည်။ " ကလေးရေ သမီးရဲ့အမေက ဘယ်မှာလဲ " ကလေးမလေးသည် မျက်ရည်များကျလျက် အသံမှာပြတ်တောင်းပြတ်တောင်းဖြစ်နေကာ " သမီးကလေ.....မေမေက ခုနလေးကထိရှိနေတုန်းဘဲ မီးလည်းပျက်သွားရော အကုန်လုံးက ဟိုပြေးဒီပြေးနဲ့...သမီးက ဒီမှာကျန်နေခဲ့တာ မေမေကမရှိတော့ဘူး"

သူမ ဤကလေးမလေးအား လုံခြုံရေးဝန်ထမ်းဆီသို့ခေါ်သွားလိုက်ပြီး လော်ဘီမှ စောင့်ကြည့်ဗီဒီယိုအားပြသကာ သူမအားရှာဖွေခိုင်းလိုက်သည်။ကလေးမလေးသည် ထက်မြက်သောကြောင့်ချက်ချင်းပင် အရပ်ပုပုနှင့်အမျိုးသမီးအား လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
" မေမေက ဒီမှာ "

Sheng XiFan ဗီဒီယိုအား ပြန်ရစ်လိုက်သည်။ဤအမျိုးသမီးသည် တစ်ဖက်သို့လှည့်လာကာ မျက်နှာအားမြင်လိုက်ရလေသည့်အခါ သူမ ကြောင်ကြည့်နေမိသည်။ Gu Ningyuanတဲ့လား?

သူမ စခရင်အားလက်ညှိုးထိုးကာမေးလိုက်သည်
" သမီး ဒါကသမီးအမေဆိုတာ သေချာလား? "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now