Chapter (2.2)Unicode/Zawgyi

Start from the beginning
                                    

သူမ မျက်လုံးသာလှန်ကြည့်မိလေတော့သည်။

ဒါဆိုရင် သူမ ဒီလိုအချိန်မျိုးမှာ အိမ်ပြန်လို့မရနိုင်ပေ။ရုံးထိုင် အစီအစဥ်တွေရေးဆွဲပြီး အမျိုးအစားများအား ခွဲခြားရပေမည်။သူမ၏နားထင်များကိုပွတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲတွင် တိုင်းရင်းဆေးများထားခဲ့သည်​ကို သတိရသွားသည်။ထို့ကြောင့် သူမ ညစာ စားချိန်အတွင်းအိမ်ပြန်သွားပြီး ယူလာခဲ့ရလေသည်။

သူမဟိုတယ်သို့ ပြန်ရောက်လာသည့်အခါ သူမအားလိုက်ရှာနေသောပြည်သူ့ဆက်ဆံရေးမန်နေဂျာ Ling Yishen အားတွေ့လေသည်။နည်းပညာ ထိပ်သီးအစည်းအဝေးပွဲအားလာမည့် သူဌေး တစ်ယောက် က မျှော်မှန်းထားသည်ထက်စော၍ တစ်ပတ်ကြိုတင်ရောက်လာကြောင်းပြောလေသည်။

အပြောင်းအလဲတွေက တကယ့်ကို စီစဥ်ထားသည်ထက် ကျော်လွန်ပြီး အမြဲတမ်း ဖြစ်လာလေသည်။သူမရုံးခန်းထဲပြန်သွားပြီး အချက်အလက်ပေါင်းများစွာကို ရှာဖွေရလေသည်။ကံကောင်းစွာဖြင့် Ling Yishen သည်သူမအား တော်တော်လေးကူညီပေးသည်။အစားအသောက်ကျွေးမွေးမှုဌာနအတွက်တာဝန်ရှိသူမှာ Xu Xiangya ဖြစ်ပေမဲ့ သူမက အစားအသောက်ကိစ္စများအား Sheng XiFan ဆီကိုသာ တွန်းပို့လေသည်။ Sheng XiFanသည် ဧည့်သည်များ၏ အခန်း ကိစ္စများအတွက်သာ တာဝန်ရှိလေသည်။

သူမသည် အရှေ့ရုံးမန်နေဂျာနှင့် လုံခြုံရေးဌာနအား မြစ်အရှေ့ဘက်တွင်ရှိသည့် Jinggeဗီလာကို ကြိုတင်စာရင်းပေးထားလိုက်သည်။သူမစိုးရိမ်သောကြောင့် မိလ္လာရေဆိုးရေနုတ်စနစ်များနှင့် ဝန်ဆောင်မှုပေးသော ပစ္စည်းများအား လူကိုယ်တိုင် သွားရောက် စစ်ဆေးလိုက်သည်။သူမနောက်တွင် လိုက်လာသည့် ကြီးကြပ်ရေးမှူးသည်လည်း အမှား လုပ်မိမှာစိုးသောကြောင့် စိတ်လှုပ်ရှားနေပုံပေါ်နေသည်။

ကိုးနာရီ နည်းနည်းကျော်သည့်အခါ ခေါင်းဆောင်Changသည် သူဌေးDuan နှင့်အတူ Gunan Palace သို့ရောက်ရှိလာသည်။Sheng XiFan ဦးကြိုဂါရဝပြုလိုက်ပြီးဘေးဖက်တွင် မတ်တပ်ရပ်လိုက်သည်။

Duan Zhen သည် ညစာအား တော်တော်လေးစိတ်ကျေနပ်နေပြီး စကားကောင်းများတောင် ပြောနေလေသည်။သူသည် ခေါင်းဆောင် Cheng အား သူ့၏ မိသားစုအကြောင်းများအားပြောသည့်အပြင် သူ၏ မွေးရပ်မြေမှ မစားရတာကြာ​ပြီဖြစ်သည့် မုန့်များအကြောင်းပင်ပြောနေလေသည်။နောက်ဆုံးတော့ ဒီအချိန်တွင် သူ၏ ဆန္ဒများပြည့်ဝသွားလေပြီဖြစ်သည်။Xu Xiangya ကတော့ စစ်ဆေးမှုကို အောင်မြင်သွားသည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now