Part-27(Z)

640 31 0
                                    

"ဘယ်လို,,,ဇင့် ..အဘွားက ငါ,,ငါနဲ့တွေ့ချင်တယ်"

နွေးနေခြည်ဟာ အံ့သြမှုကြောင့် ပြောနေတဲ့အသံပင်တုန်လာကာ စကားတွေပါ ထစ်လာ၏။

"ဟုတ်တယ်နွေး,,,ငါ ရုတ်တရက်ကြီးပြောမိလိုက်တဲ့ စကားကြောင့် နွေးအရမ်းလန့်သွားလားဟင်"

"အင်း,,,လန့်တာမှ,,,နှလုံးခုန်တောင် ရပ်တော့မလိုဘဲ"

"ရပ်တော့ မရပ်လိုက်ပါနဲ့ နွေးရယ်...ငါက နွေးနားမှာ နေချင်သေးတဲ့ဟာကို"

"ဇင်ရယ်,,,ဒီလိုအချိန်မှာ အဲ့လိုတွေပြောနိုင်သေးတယ်နော်...ငါ့မှာတော့ ခြေဖျားလက်ဖျားတွေ တောင်အေးလာပြီ"

"အဲ့လောက်ထိလည်း စိတ်မပူပါနဲ့,,,အဘွားက လက်ခံပေးဖို့ ရာနှုန်း များပါတယ်"

"ဘယ်လောက်ထိတောင်များလို့လည်း ပြောပါဦး"

"၉၉ရာခိုင်နှုန်းလောက်ပေါ့"

"ကျန်တဲ့ ၁ ရာခိုင်နှုန်းကရော..."

"အဲ့တာကတော့ နွေးရဲ့ချစ်စရာကောင်းမှုအပေါ်မှာ မူတည်ချင် မူတည်မှာပေါ့,,,ဟဲဟဲ"

"ချစ်စရာကောင်းတာတွေ မကောင်းတာတွေတော့မသိဘူး,,,အခု အရမ်းစိတ်လှုပ်ရှားနေတာ တော့သိတယ်"

"အရမ်းကြီးလည်း စိတ်မလှုပ်ရှားပါနဲ့,,,အဘွားက ချက်ချင်းတွေ့မယ်လို့ပြောတာမှမဟုတ်တာ...နွေးနဲ့ငါနှစ်ယောက်လုံး အဆင်ပြေတဲ့အချိန်ကျမှ တွေ့ကြရအောင်လို့ပြောတာပါ"

"ဇင်...."

"ပြောလေ နွေး"

"တကယ်လို့လေ,,,ဇင့်အဘွားက ငါနဲ့တွေ့ပြီးမှ ငါ့ကို သဘောမကျဘူးဆိုရင်‌ရော..."

"နွေးလို စိတ်ထားကောင်းပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို အဘွားက သဘောမကျလောက်ဘူးလို့တော့ ငါမထင်ဘူး"

"အဲ့တာက ဇင့်အထင်လေ...အဘွားစိတ်ထဲမှာ ဘယ်လိုရှိနေလည်း ငါတို့မှမသိနိုင်တာ... ငါကြောက်တယ် ဇင့်,,,မိဘတွေနဲ့ အဘွားက သဘောမတူလို့ ငါတို့‌ဝေးသွားကြရင်,,,"

"ဝေးသွားမယ်ဆိုတော့ စကားကိုမပြောပါနဲ့ နွေးရယ်,,,,နွေးနဲ့ ငါချစ်ခဲ့ကြတာဟာ ဘယ်တော့မှ ‌ဝေးသွားဖို့မဖြစ်စေရဘူး,,,တကယ်လို့သာ အဘွားနဲ့ မိဘတွေ သဘောမတူဘူးဆိုလည်း ဘာဖြစ်လည်း သဘောတူလာတဲ့အထိ ငါ သိမ်းသွင်းမှာပေါ့"

One and onlyWhere stories live. Discover now