"နွေး...ငါနွေးကိုပြောပြစရာတွေရှိတယ်"
အမေဖြစ်သူနဲ့ဖုန်းပြောပြီးနောက် အခန်းထဲပြန်၀င်လာသည့် နွေးနေခြည်အား ၀င့်ဖူးသဇင် ထိုသို့ပြောလိုက်၏။
"ပြောလေ ဇင်....ဒါနဲ့ဘာအကြောင်းတွေပြောပြမလို့လဲ"
"တခြားတော့မဟုတ်ပါဘူး...ဒီအတိုင်း ငါ့ဘ၀အကြောင်းပါ"
၀င့်ဖူးသဇင်ရဲ့စကားကို နွေးနေခြည် တော်တော်စိတ်မ၀င်စားရှာပါဘူး။
၀င့်ဖူးသဇင်က "ဒီအတိုင်း ငါ့ဘ၀အကြောင်းပါ"ဆိုတာနဲ့တင် ၀င့်ဖူးသဇင်နား အော်တိုမက်တစ် ရောက်သွား ပြီး မျက်လုံးတွေက အရောက်တလက်လက်ဖြင့် အရမ်းနားထောင်ချင်နေတဲ့ပုံဖြစ်ရုံလေးပါဘဲ။
"နွေး...နားထောင်ချင်ရဲ့လား"
"သေချာပေါက်ကိုနားထောင်ချင်တာပေါ့ ဇင်ရဲ့"
"တကယ်တော့လေ ငါက မိုးကုတ်မှာမွေး..မိုးကုတ်မှာကြီးလာတဲ့သူတစ်ယောက်"
"မိုးကုတ်မှာ...ဒါပေမယ့်...ဇင်က ကလောမှာနေတာမဟုတ်ဘူးလား"
"တတိယနှစ်ရောက်မှ ငါတို့ကလောကိုပြောင်းလာကြတာ။ငါ အရင်ကနေခဲ့တာက မိုးကုတ်မှာ"
"အဲ့ဒါဆို ပထမနှစ် ၊ ဒုတိယနှစ်တက်တုန်းကကျတော့ ဇင်ဘယ်မှာတက်တာလဲ?"
"မန္တလေးမှာတက်တာ...."
"အော်..."
"ငါ့မှာ ဦးလေးနှစ်ယောက်ရှိတယ်။ငါ့အဖေကတော့ သူတို့ညီအစ်ကိုတွေထဲမှာ အငယ်ဆုံးပေါ့။ ဟိုတစ်နေ့က ငါ့ကိုလာတွေ့တဲ့အကိုက ငါ့ဦးလေးအကြီးဆုံးရဲ့ သားလေ...သူက အရင်ကတည်းက သြစတြေးလျမှာ ဆေးကျောင်းတက်နေတာ..အခုလည်း အဲ့မှာဘဲ အလုပ်လုပ်နေတယ် ။ သူ့နာမည် က ဘုန်းခန့်မာန်တဲ့"
"ဒါဆို...ဇင့်ရဲ့ ဒုတိယဦးလေးမှာရော...သားသမီးတွေရှိလား"
"ရှိတယ်။"
"ဟုတ်လား...သူ့နာမည်ကရော ဘယ်လိုလဲဇင်"
"သူ့နာမည်က ထူးခန့်လင်းသစ်"
"ထူးခန့်လင်းသစ်...???"
"အွန်း...အမှန်အတိုင်းပြောရရင် ငါသူ့ကိုအရမ်းစိတ်နာတယ်နွေး"