နန်းတော်ကြီးတမျှ ခမ်းနာကြီးကျယ်လှသည့် အိမ်ကြီးတစ်အိမ်၏ အခန်းတစ်ခန်းထဲ၌ စိတ်၀င်စားမှုအပြည့်ဖြင့် ရှုခင်းတွေကိုပန်းချီဆွဲနေသည့် ကောင်မလေးတစ်ယောက်။
တစ်အိမ်လုံးမှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်ကိုကြည့်ရရင်တော့ ထိုကောင်မလေးကလွဲလို့ ဘယ်သူမှမရှိတဲ့ပုံပင်။
-ဇင်...ဘာလုပ်နေလဲ
မက်ဆင်ဂျာက နိုတီအသံတစ်သံနှင့်အတူ ဖြတ်ခနဲလှမ်းမြင်လိုက်ရသည့် စာကြောင်း တစ်ကြောင်း။
ပန်းချီဆွဲနေသည့် ကောင်မလေးကတော့ ဆွဲလက်စပန်းချီကားချပ်ကိုခဏထားခဲ့ပြီး ဖုန်းကိုယူကာ ၀ရံတာသို့ထွက်လာခဲ့သည်။
ထို့နောက် ပန်းချီဆွဲနေတာလို့ စာရိုက်ပို့ရန်ပြင်ပြီးကာမှ ပြန်ဖျက်၍ တစ်ခါမှ ကိုယ့်ဘက်ကခေါ်ခဲ့ခြင်းမရှိဘဲ contactထဲမှာသာမှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်၏။
_ဟယ်.ဟယ်လို
"ငါခုနက ပန်းချီဆွဲနေတာ"
_ဟင်?
"နွေးဘဲ ဘာလုပ်နေလဲဆို"
_အော်..အင်း။အဲ့ဒါဆို ဇင်က ငါ့ကိုအဲ့တာပြောဖို့ဖုန်းဆက်လာတာပေါ့
"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ"
_ဘာမှမဖြစ်ပါဘူး။ ငါက မက်ဆင်ဂျာကနေဘဲ စာပြန်ပို့မယ်ထင်ထားတာ။ဇင်က အခုလိုမျိုးကြီး ရုတ်တရက်ဖုန်းဆက်လာတော့ နဲနဲအထူးအဆန်းဖြစ်သွားလို့လေ။
"ဟုတ်တာဘဲနော်။ ဒါက ငါနွေးကို ပထမဦးဆုံးအကြိမ် ဖုန်းခေါ်တာမလား?"
_အွမ်း....ဒါနဲ့ ကလောမှာအခုချိန်ဆို တော်တော်အေးနေလောက်ပြီပေါ့
"အေးတာပေါ့...နွေးရဲ့"
_နွေးနွေးထွေးထွေးလည်းနေဦးနော်။ ခေါင်းတွေလည်းခဏခဏမလျှော်နေနဲ့ဦး။တော်ကြာ အအေးပတ်ပြီးဖျားနေဦးမယ်
"အင်းပါ...ငါ့ကိုသာစိတ်ပူမနေပါနဲ့ နွေးလည်းဂရုစိုက်ပါ"
_ဟုတ်ပါပြီ ဇင်ရယ်။ ဒါနဲ့လေ အခု ငါတော်တော်ပျော်နေတာသိလား