ကျောင်းမသွားခင် မနက်စောစော၌ နွေးနေခြည်တစ်ယောက် စူပုတ်ပုတ်မျက်နှာထားဖြင့် ၀င့်ဖူးသဇင်အားမေး၏။
"ဇင်...ငါ့ကိုအဖြေပြန်ပေးဖို့စိတ်ကူးမရှိတော့ဘူးလား"
ထိုမေးခွန်းကိုအမေးခံလိုက်ရတဲ့ ၀င့်ဖူးသဇင်ကတော့ အေးအေးဆေးဆေးပင် ခပ်ပြုံးပြုံး ပြန်ဖြေ၏။
"ပေးမှာပေါ့ နွေးရယ့်...ဘာလို့အဲ့လောက်လောနေရတာလဲ?"
"လောတာမဟုတ်ဘူးလေ။သူ့ကို ဒီကချစ်ကြောင်းဖွင့်ပြောထားတာဖြင့်ကြာနေပြီကို အခုအချိန် ထိ ဘာမှမဖြစ်သလိုမျိုး နေနေတာမလား။အဲ့တော့ ဖွင့်ပြောခဲ့မိတဲ့ ဒီလူကဘဲ အရူးကြီးကျနေတာဘဲ"
"ဟုတ်ပါပြီရှင်...ငါလည်း နွေးကို ဒီနေ့အဖြေပြန်ပေးဖို့စဥ်းစားထားပြီးသားပါနော်"
"တကယ်? အဲ့ဆိုပေးတော့လေ...ငါ့ကိုချစ်လား ဒါမှမဟုတ် မချစ်ဘူးလား?"
မျှော်လင့်ခြင်းတွေတသီကြီးဖြင့် နွေးနေခြည်ရဲ့မျက်လုံးများက တောက်ပလျက်။
သို့သော် သူမရဲ့တောက်ပနေသည့် မျက်လုံးတွေက သူမခေါင်းကို ခပ်ဖွဖွလေးပုတ်လာခဲ့သည့် ၀င့်ဖူးသဇင်ကြောင့် အံ့သြမှုရိပ်ပြောင်းပြန်၏။
"ဇင်ကလည်း...အဖြေပေးပါဆို ဘာလို့ ခေါင်းကိုလာပုတ်နေတာလဲ"
"ဒီနေ့နေ့လည် ၁၁နာရီလောက်ကျရင်အားလား"
"ဘာဖြစ်လို့လဲ"
"ငါ နွေးကိုခေါ်ပြစရာနေရာလေးတွေရှိလို့"
"ငါတစ်ယောက်တည်းလား....ပြည့်ရောမပါဘူးလားဇင်"
"အွန်း...နွေးတစ်ယောက်တည်းဘဲ"
"ဒါပေမယ့် ဇင်ကဘယ်နေရာကိုခေါ်ပြမလို့လဲအရင်ပြောဦးလေ"
"အဲ့အချိန်ကျမှသိမှာပေါ့...ကဲ ငါသွားတော့မယ်နော်...ဒီနေ့ ၈နာရီအတန်းရှိလို့...တာ့တာ နွေး"
"အယ်..အယ့် ...ဇင်...
အာယား အဲ့ဇင်အစုတ်ပလုတ်ကတော့ ငါ့ကို နားမလည်နိုင်အောင်လုပ်သွားပြန်ပြီ"
အစကအနဲငယ်သာစူပုတ်နေသည့် နွေးနေခြည်ရဲ့နှုတ်ခမ်းက အခုအချိန်မှာတော့ ဘဲနှုတ်သီးလို ရှေ့သို့စူထွက်ကာ မျက်ခုံးတွေပါ တွန့်ကွေးလျက်။